Thursday, November 24, 2016

ရွာစားကြီးစိန်ဗေဒါဂီတဘ၀မှတ်တမ်းများဂုဏ်ပြုပွဲကျင်းပ၊ ဆိုင်းအဖွဲ့ ၁၀ ဖွဲ့ ပါဝင်တီးမှုတ်ဖျော်ဖြေ

နေမျိုးဗလ ကျော်သူဘွဲ့ရ ရွာစားကြီးစိန်ဗေဒါ၏ အနုပညာအမွေအနှစ်များထဲမှ စံနမူ နာယူဖွယ် ကောင်းမြတ်လှစွာသော အနုပညာအမွေအနှစ်သုံးမျိုးကို မျိုး ဆက်သစ်ဆိုင်းအနုပညာရှင်များမှ ရယူ၍ နိုင်ငံတော်နှင့်အနုပညာဂုဏ် ကို စုပေါင်းမြှင့်တင်ကာကွယ်စောင့် ရှောက်ပေးရန်လိုအပ်ကြောင်း နိုဝင် ဘာ ၂၃ ရက်က မန္တလေးရွှေပြည်သာဟိုတယ်ခန်းမ၌ကျင်းပသည့်ေ နမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီး စိန်ဗေဒါဂီတဘ၀မှတ်တမ်းများ ဂုဏ် ပြုပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်ြ မင့်မောင်က ပြောကြားခဲ့ကြောင်း သိရသည်။


""ရွာစားကြီးစိန်ဗေဒါက နိုင်ငံ မျိုးချစ်စိတ်ဓာတ်မြှင့်တင်တဲ့
ရဲရဲ တောက်သီချင်းတီးလုံး၊ ဘာသာ၊ သာ သနာအတွက် သံဃာ့သြ၀ါဒနဲ့သာသ နာ့အမွေခံတီးလုံးတွေနဲ့ ကျန်းမာရေး၊ လယ်သမားကဏ္ဍ၊ နိုင်ငံတကာဆက် ဆံရေး၊ ရေမြေသဘာဝစတဲ့ တေးသီ ချင်းတီးလုံးတွေ ကာလသား၊ ကာလ သမီးတွေအတွက် တီးလုံးများစွာရေး သားတီးခဲ့တာတွေ အထင်အရှားရှိခဲ့ပါ တယ်။
ကျွန်တော်တို့အမျိုးသားခေါင်း ဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဆိုင်းဝိုင်းကြီးမှာ ဒေါင်းအ လံစိုက်ဂုဏ်ပြုခြင်းခံရတဲ့ မျိုးချစ်သူ ရဲကောင်းတစ်ယောက်ပါ။ ဆရာကြီး ရဲ့စံနမူနာယူဖွယ်ရာကောင်းလှတဲ့ အနုပညာအမွေအနှစ်တွေထဲက ယဉ် ကျေးမှုအသိ၊ အမျိုးသားရေးအသိ၊ နိုင်ငံရေးအသိ တွေကို စုပေါင်းထိန်း သိမ်းကာကွယ်စောင့်ရှောက်ပေးကြ ပါလို့ ဆိုင်းအနုပညာရှင်များကိုမှာ ကြားလိုပါတယ်""ဟု ၀န်ကြီးချုပ်ဒေါက် တာဇော်မြင့်မောင်ကပြောသည်။
နေမျိုးဗလကျော်သူဘွဲ့ရ ရွာ စားကြီးစိန်ဗေဒါ၏ဂီတ၊ ဘ၀မှတ် တမ်းများ ဂုဏ်ပြုပွဲကို မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံးနှင့် မန္တလေးတိုင်းဒေသကြီးသဘင်ပညာ ရှင်များအစည်းအရုံးတို့၏ ဦးဆောင် မှုဖြင့် ကျင်းပခြင်းဖြစ်ပြီး အခမ်းအ နားတွင် မြန်မာနိုင်ငံသဘင်ပညာရှင် များ အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌဦးဖိုး ချစ်နှင့်မန္တလေးတိုင်းဒေသကြီးသဘင် အစည်းအရုံးတာဝန်ရှိသူများက မေတ္တာစကားနှင့်ရွာစားကြီးစိန်ဗေဒါ ၏ ဘ၀မှတ်တမ်းကို ဖတ်ကြားခဲ့ကြ သည်။
အစီအစဉ်ဒုတိယပိုင်းတွင် ဆိုင်း အဖွဲ့ ၁၀ ဖွဲ့မှ နေမျိုးဗလကျော်သူ ဘွဲ့ရ ရွာစားကြီးစိန်ဗေဒါ၏ ဂီတအ နုပညာများဖြင့် တီးမှုတ်ဖျော်ဖြေခြင်း၊ ထပ်ဆင့်အကယ်ဒမီရွာစားကြီးစိန် မွတ္တားမှ အဘိုးစိန်ဗေဒါကြီး၏ ထူးထူး ခြားခြားဘ၀မှတ်တမ်းများ ဗဟုသုတ ဖြန့်ဝေခြင်းနှင့်ဆိုင်းအဖွဲ့ ၁၀ ဖွဲ့မှ ရွာစားကြီးစိန်ဗေဒါ၏ ဂီတအနုပညာ များဖြင့် ထပ်မံတီးမှုတ်ဖျော်ဖြေခဲ့ကြ ကြောင်း သိရသည်။
DW

No comments:

Post a Comment