Thursday, November 24, 2016

ပရိသတ်ကို လက်သီးနဲ့ထိုးတဲ့ ဂျပ်စတင်ဘီဘာ

ဘာစီလိုနာမြို့တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲအတွက် ပေါ်ဆန့်ဂျော်ဒီအားကစားကွင်း သို့ ကားဖြင့် ရောက်လာစဉ် ဂျပ် စတင်ဘီဘာက ၎င်း၏ခန္ဓာ ကိုယ် ကို ထိကိုင်ရန် ကြိုးစားသော ပရိ သတ်တစ်ဦး၏ မျက်နှာကို လက် သီးဖြင့် ထိုးခဲ့သည်။ ကနေဒါအဆိုတော် ဂျပ် စတင်ဘီဘာသည် ယင်းအားကစားကွင်းသို့ ရောက်ရှိလာစဉ် ပရိသတ်များအား နှုတ်ဆက် ရန် မှန်တံခါးဖွင့်၍ဖြည်းဖြည်း မောင်းလာစဉ် အမျိုးသားပရိ သတ်တစ် ဦးက ပြေးလိုက်လာပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ထိကိုင် ရန်ကြိုးစားရာ ၎င်းက လက်သီး ဖြင့်ထိုးခဲ့သည်။ အဆိုပါပရိသတ် သည် လက်သီးဒဏ်ကြောင့် ဒဏ် ရာ ရရှိခဲ့သည်။ ဂျပ်စတင်ဘီဘာကို နှုတ် ဆက်ရန် စောင့်ဆိုင်းနေကြသော အမျိုးသမီးပရိသတ်များက ယင်းဖြစ်ရပ်ကိုမြင်တွေ့ခဲ့ပြီး မယုံကြည်နိုင်ဖြစ်နေစဉ် လက်သီးဖြင့်ထိုး ခံရသော ပရိသတ်က ဒဏ်ရာကို ကင်မရာရှေ့၌ ပြသခဲ့သည်။ ဂျပ်စတင်ဘီဘာသည် စပိန် နိုင်ငံသို့ ဖျော်ဖြေရန် ရောက်ရှိနေ ပြီး ဥရောပတစ်လွှား ဆက်လက် ဖျော်ဖြေမည်ဖြစ်သည်။ —Ref: Daily mail

No comments:

Post a Comment