Friday, November 25, 2016

ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မလေးရှား၊ ထိုင်းနှင့်အင်ဒိုနီးရှားရှိ မြန်မာသံရုံးများတွင် တစ်ပြိုင်နက်ဆန္ဒပြရန် လှုံ့ဆော်နေ

 ရခိုင်ပြည်နယ် မောင် တောဒေသတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများ၌ ဘင်္ဂါလီအရေး နှင့်ပတ်သက်၍ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများရှိ မြန်မာသံရုံးများကို ယနေ့(နိုဝင်ဘာ ၂၅ ရက်)တွင် တစ်ပြိုင်နက် ကန့်ကွက် ဆန္ဒပြရန် ယင်းနိုင်ငံများရှိ အဖွဲ့အ စည်းများက လှုံ့ဆော်နေကြောင်း သတင်းရရှိသည်။ မလေးရှား၊ ထိုင်းနှင့် အင်ဒို နီးရှားနိုင်ငံများရှိ မွတ်စလင်အဖွဲ့  အစည်းများက မြန်မာသံရုံးကိုလာရောက်ကန့်ကွက်မှုများ ပြုလုပ်ရန် လှုံ့ဆော်နေသောကြောင့် သံရုံးလုံခြုံရေးများ တိုးမြှင့်ထားကြောင်း အဆိုပါနိုင်ငံများရှိ မြန်မာသံရုံးများမှ တာဝန်ရှိသူများကပြောသည်။ ယင်းနိုင်ငံများရှိ မွတ်စလင် အဖွဲ့အစည်းများသည် သောကြာ နေ့(နိုဝင်ဘာ ၂၅ ရက်) ဗလီဝတ် ပြုအပြီးတွင် မြန်မာသံရုံးများရှေ့သို့ လာရောက်ပြီး ဆန္ဒပြကန့် ကွက်မှုများပြုလုပ်ရန် လှုံ့ဆော်နေ ကြခြင်းဖြစ်သည်။



 ‘‘ရခိုင်ပြည်က အရေး ကြောင့် ဒီမှာ လှုံ့ဆော်မှုတွေရှိနေ တယ်။ မလေးရယ်၊ ထိုင်းရယ်၊ အင်ဒိုက မြန်မာသံရုံးတွေ သူတို့ တွေ တစ်ပြိုင်နက်တည်း ဆန္ဒပြဖို့ ရာ လုပ်နေကြတယ်။ နည်းနည်း တော့ ကြမ်းလောက်မယ့်သဘော ရှိတယ်။ သံရုံးကိုလည်း လုံခြုံရေး တိုးထားတယ်။ အဓိကရုဏ်းရဲ တပ်ဖွဲ့ကိုပါ လုံခြုံရေးလာပေးဖို့ ခေါ်ထားပါတယ်’’ဟု မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသည် ယနေ့ (နိုဝင်ဘာ ၂၅ ရက်)တွင် သံရုံးပိတ်ထားမည်ဖြစ်ကြောင်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုဝင် ဘာ ၂၄ ရက်၌ သတင်းထုတ်ပြန်ထားသည်။ သံရုံးလုံခြုံရေးကို တိုးမြှင့်မည်ဖြစ်၍ သံရုံးဖွင့်ချိန် ပြောင်းလဲမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုဝင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးကိုလည်း ဆန္ဒပြမည်ဟု လှုံ့ ဆော်နေသောကြောင့် လုံခြုံရေး တိုးမြှင့်ထားကြောင်း သံရုံးတာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘ရဲလုံခြုံရေး ၅၀ တိုးတောင်း ထားတယ်။ ရခိုင်မှာ ဖြစ်နေတာ ကို ဆန္ဒပြမယ်လို့ လုပ်နေကြတာ ပေါ့။ ဒါပေမဲ့ ထိုင်းမှာတော့ လုပ် မယ် ဘာညာမသေချာသေးပါ ဘူး’’ဟု ၎င်းကပြောသည်။

ထို့အပြင် အင်ဒိုနီးရှားရှိ မြန်မာသံရုံးရှေ့တွင် နိုဝင်ဘာ ၂၄ရက်က ဘင်္ဂါလီအရေးနှင့်ပတ် သက်၍ အင်ဒိုနီးရှား ၂၀၀ ခန့်က ဆန္ဒပြခဲ့ကြကြောင်း ဂျကာတာအခြေစိုက် အေပီသတင်းဌာနက သတင်းဖော်ပြသည်။

ယခုဆန္ဒပြမှုသည် ဒေသ တွင်းနိုင်ငံများ၌ မြန်မာအပေါ် တစ်ပတ်အတွင်း တတိယအကြိမ် ဆန္ဒပြခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်က ဘင်္ဂလားဒေ့ရှ်တွင် လူ ၂၀၀ ခန့် ဆန္ဒပြသကဲ့သို့၊ မလေးရှားရှိ မြန်မာသံရုံးရှေ့တွင်လည်း အဖွဲ့အစည်းနှစ်ဖွဲ့က ဆန္ဒပြခဲ့သည်။

‘‘မြန်မာနိုင်ငံမှာ မွတ်စလင် များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ရပ်တန့်ပါ’’ဟု ရေးသားထားသည့် နဖူးစီးစာတန်းများကို အင်ဒိုနီးရှားဆန္ဒပြသူများက ကိုင်စွဲကာ ‘‘ရိုဟင်ဂျာ(ဆန္ဒပြသူများ၏ မူရင်းအသုံးအနှုန်းအတိုင်း ဖော်ပြခြင်းဖြစ်သည်)ကို ကယ်တင်ပါ’’ဟူ၍ အော်ဟစ်ကြွေးကြော်ခဲ့ကြ သည်။

‘‘ဆန္ဒပြတာကတော့ သူတို့ရဲ့ ဆန္ဒပြပိုင်ခွင့်ထဲက ပြတာဆိုတော့ ကျွန်တော်တို့က ဘာမှသိပ်ပြောလို့တော့ မရဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံသံတမန်တွေ လုံခြုံရေးတွေ ဂရုစိုက်ဖို့ဆိုတာ ကျွန်တော်တို့ အမြဲတမ်း အခွင့်အခါသင့်တိုင်း ညွှန်ကြားချက် ထုတ်ပြန်ပြီးတော့ သတိပေးထားပါတယ်’’ ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဖွဲ့ခေါင်း ဆောင်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျကပြောသည်။

၂၀၁၃ ကလည်း အင်ဒိုနီး ရှားအစွန်းရောက် အချို့သည် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲရန်အစီအစဉ်ချမှတ်ခဲ့ဖူးပြီး အင်ဒိုနီးရှားရဲတပ်ဖွဲ့က ထိုအကြံအစည်ကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် အင်ဒိုနီးရှားစစ်သွေးကြွ တစ်ဒါဇင်ကျော်ကို ထိုအကြံအစည်တွင် ပါဝင်မှုဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

မလေးရှား မြန်မာသံရုံးရှေ့ တွင် လူငယ်အဖွဲ့တစ်ဖွဲ့က နိုဝင် ဘာ ၂၅ ရက်၌ မြန်မာဆန့်ကျင် သော ဆန္ဒပြပွဲတစ်ရပ်ကို ပြုလုပ် မည်ဖြစ်ကြောင်း ကြေညာထား သည်။

‘‘ကျွန်တော်ကိုယ်တိုင်လည်း မလေးရှားသံရုံးမှာ တာဝန်ထမ်း ဆောင်ဖူးတယ်ဆိုတော့ အဲဒီလို ကိစ္စဆိုရင် မလေးရှားဘက်မှာရှိ တဲ့ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ လုံခြုံရေးတွေ ပိုမိုပြီးတော့ အရေးယူဆောင်ရွက်ဖို့ ကျွန်တော်တို့လုပ်ပါတယ်။ ကျွန်တော်တို့ အမြဲတစေ လုပ်နေတာရှိပါတယ်။ ဒီလိုမျိုး ကိစ္စဆိုရင် ပိုဂရုစိုက်ဖို့ ညွှန်ကြားချက်ရှိပါတယ်’’ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျကပြောသည်။

အောက်တိုဘာ ၉ ရက်မှ နို ဝင်ဘာ ၁၄ ရက်အထိ တိုက်ပွဲကိုး ကြိမ်၊ ပစ်ခတ်ဖမ်းဆီးမှုကိုးကြိမ် ဖြစ်ပွားပြီး အကြမ်းဖက်အဖွဲ့မှ ဘင်္ဂါလီလူမျိုး ၆၉ ဦးသေဆုံးခဲ့ကာ၂၄၃ ဦးကို ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။ ငြိမ်းချမ်းငြိမ်းငြိမ်းပြည့်

No comments:

Post a Comment