Tuesday, November 22, 2016

၁၃နှစ်အရွယ်ကျောင်းသူမိန်းကလေးကို မုန့်ဝယ်ကျွေးမည်ဟုဆိုကာ အဓမ္မပြုကျင့်ရင်ကြိုးပမ်းသူကို ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်အတွင်း နိုဝင်ဘာ ၂၁ရက်နေ့နံနက်ပိုင်းက အသက် ၁၃ နှစ်ရှိသူကျောင်းသူမိန်းကလေးကို ကျောင်းလိုက်ပို့ပေးပြီးမုန့်ဝယ်ပေးမည်ဟုဆိုကာ ခြုံပုတ်အတွင်းအဓမ္မပြုကျင့်ရန်ကြိုးပမ်းသူအမျိုးသားကို အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း ရွှေပြည်သာမြို့မရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၁၁နာရီအချိန်က ရွှေပြည်သာမြို့နယ်နေ အသက် ၁၃နှစ်အရွယ်ရှိ ကျောင်းသူမိန်းကလေးသည် ၄င်း၏သူငယ်ချင်းနှစ်ဦးနှင့်အတူကျောင်းသို့လမ်းလျှောက်သွားနေစဉ် ဆောက်လုပ်ရေးကားမှတ်တိုင်အရောက် တရပ်ကွက်ထဲနေသူ အသက် ၄၂ နှစ်အရွယ်ရှိ အေးလွင်ဆိုသူက ၄င်း၏ဆိုင်ကယ်ဖြင့်ကျောင်းလိုက်ပို့ပေးမည်ဟုဆိုကာ သုံးဦးစလုံးကိုတင်ဆောင်သွားခဲ့သည်ဆိုသည်။ ကျောင်းသို့အရောက် သူငယ်ချင်းနှစ်ဦးကိုဆိုင်ကယ်ပေါ်မှဆင်းခိုင်းခဲ့ပြီး မ..(၁၃)နှစ်ကို မုန့်ဝယ်ပေးအုံးမည်ဟုဆိုကာ ဆက်လက်တင်ဆောင်မောင်းနှင်ခဲ့စဉ် ရွှေပြည်သာ စက်မှုဇုန် (၁) စက်မှု (၈) လမ်းရှိ အထပ်သားစက်ရုံအနီးတွင်ရပ်ကာ ခြုံပုတ်အတွင်းသို့အတင်းဆွဲခေါ်သွားခဲ့ပြီး သားမယားပြုကျင့်ရန်အားထုတ်နေစဉ်အမည် အသိအမျိုးသားနှစ်ဦးရောက်ရှိလာကာ အေးလွင်အား ရဲစခန်းသို့ပို့ဆောင်ခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်းက (ပ)၁၃၂၈/၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့်အမှုဖွင့်ဖမ်းဆီးထားကြောင်းသိရသည်။ ကိုရဲ

No comments:

Post a Comment