Tuesday, November 29, 2016

နတ္တလင်းတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းအိမ်ခုနစ်လုံး ဆုံးရှုံး

ပဲခူးတိုင်းဒေသကြီး နတ္တ လင်းမြို့နယ် ရေကြည်ကျေးရွာအုပ်စု ရေကြည်ရွာ တွင် အမှိုက်များ မီးရှို့ရာမှ ကျန်ရစ်သည့် မီးကြွင်း မီးကျန်မှတစ်ဆင့် မီး လောင် ကျွမ်းရာ နေအိမ်ခုနစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၂၈ ရက်နေ့လယ် ၁ နာရီခန့်က စတင်၍ တစ်နာရီ ခန့် လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မီး သတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရ ကြောင်း ရေကြည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က ပြောကြား သည်။ ‘‘မီးလောင်မှုကြောင့် တိရစ္ဆာန် သေဆုံးတာတို့၊ ထိခိုက်ဒဏ်ရာရတာတို့ မရှိ ဘူး။ အိမ်ထောင်စုခုနစ်စု၊ လူဦးရေ ၂၅ ဦးလောက် မီးဘေးဒုက္ခရောက်ပေမယ့် ရွာမှာက သစ်၊ ဝါးတွေရှိနေတော့ လက်ရှိခြံထဲမှာပဲ ယာယီ နေအိမ် ဆောက်လုပ် နေကြပါတယ်’’ ဟု ဦးမျိုးမြင့်က ပြောသည်။


မီးလောင်ကျွမ်းခြင်းကြောင့် ကာလတန်ဖိုး ကျပ်ရှစ်သိန်းကျော် ဆုံးရှုံးကြောင်း ခန့်မှန်းထားပြီး မီး စတင်လောင်ကျွမ်းရာ နေအိမ်ပိုင် ရှင် အသက် (၅၂) နှစ်အရွယ် အမျိုးသမီးကို မီးပေါ့ဆမှု ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်ထား ကြောင်း နတ္တလင်းမြို့နယ် တာပွန်တိုက်နယ် မီးသတ်စခန်းမှ သိရသည်။‘‘နေအိမ်တွေရဲ့ အကာအရံ ကိုပဲ လောင်တယ်။ အိမ်ထဲက ပစ္စည်းတွေကို အချိန်မီဆွဲထုတ် နိုင်ခဲ့သလို အနီးအနားက အိမ် တွေကိုလည်း ဖြိုဖျက်ထားနိုင်လိုက် တဲ့အတွက် ပျက်စီးဆုံးရှုံးမှုနည်းသွားတယ်လို့ ဆိုနိုင်ပါတယ်’’ ဟု တာပွန် မီးသတ်စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကိုကိုမောင်က ပြောသည်။
7Day Daily

No comments:

Post a Comment