Tuesday, November 22, 2016

ဒေသရာသီဥတုနှင့် ချိန်ညှိ စိုက်ပျိုးနိုင်မည့် စပါးမျိုး မုံရွာတက္ကသိုလ်တွင် သုတေသန လုပ်ဆောင်နေ

ဒေသရာသီဥတုနှင့် ချိန်ညှိ၍စိုက်ပျိုးနိုင်မည့် စပါးမျိုးစေ့ကို စစ်ကိုင်း တိုင်းဒေသကြီး မုံရွာတက္ကသိုလ်မှ သုတေသနပြုစမ်းသပ်နေရာ သုံးပုံတစ် ပုံခန့် အောင် မြင်နေပြီဖြစ်ကြောင်း မုံရွာတက္ကသိုလ် ရူပဗေဒဌာနမှ ကထိ က ဒေါက်တာ ဝင်းခိုင်က ပြောကြားသည်။ အဆိုပါ သုတေသနပြု စပါးများသည် အပင်ပွားနှုန်း နှစ်ဆမြင့်တက်ပြီး အပင်သန်ခြင်းနှင့် စော၍သီးပွင့်ခြင်းများရှိကြောင်း သိရသည်။ ''ဒေသအပူချိန်နဲ့စိုက်လို့ရမယ့် စပါးမျိုးကို စမ်းနေတာပါ။ အောင် မြင်ရင် စပါး စိုက်ဖို့ ရေအသုံးလည်း လျှော့ချနိုင်မယ်။ တောင်သူနဲ့ စီးပွား ရေးလုပ်ငန်း ရှင်တွေကိုချိတ်ပြီး အရည်အသွေးမီတဲ့ဆန်ကို ထုတ် နိုင်ဖို့အထိ ရည်ရွယ်ထားတယ်''ဟု ဒေါက်တာဝင်းခိုင်က ပြောကြား သည်။ စမ်းသပ်စပါး များကို ရာသီဥတု ထိန်းချုပ်နည်းစနစ်ပါသော ဖန်လုံအိမ်တည်ဆောက်၍ စမ်းသပ်စိုက်ပျိုးနေကာ အခြားသောအပင်များကိုလည်း စိုက်ပျိုးရေးပညာ ရှင်များ အကူအညီဖြင့် စမ်းသပ်မည်ဖြစ်သည်။ သုတေသနလုပ်ငန်းကို မုံရွာ တက္ကသိုလ်ရှိ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘူမိဗေဒနှင့် ပထဝီဌာနတို့မှ ပညာရှင်များစုပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
KT

No comments:

Post a Comment