Saturday, November 19, 2016

ဗြိတိန်သို့ ၁၃ မိနစ်ထဲနှင့် ရောက်ရှိနိုင်သော အသံထက် မြန်သည့် ဒုံးကျည်အသစ် တစ်မျိုးကို ရုရှား စမ်းသပ်ပစ်လွှတ်

ရုရှားနိုင်ငံဟာ ရုရှားကနေ ဗြိတိန်ကို ၁၃ မိနစ်ထဲနဲ့ ရောက်ရှိနိုင်စွမ်း ရှိတဲ့ အသံထက်မြန်တဲ့ ဒုံးကျည်အသစ် တစ်မျိုးကို စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။ The Object 4202 ဆိုတဲ့ အဆိုပါ ဒုံးကျည်ကို ယက်စနေ အခြေစိုက် စခန်းကနေ ရုရှားနိုင်ငံ အရှေ့ဖျား မိုင်ပေါင်း ထောင်ချီ ဝေးတဲ့ ကမ်ချက်ကာကျွန်းစွယ်ဘက်ကို စမ်းသပ် ပစ်လွှတ်ခဲ့တာဖြစ်ပြီး ပစ်လွှတ်မှုဟာ အောင်မြင်တယ်လို့ ရုရှား အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

No comments:

Post a Comment