Saturday, November 19, 2016

ချောင်းဆုံ လစ်လပ်မဲဆန္ဒနယ် ကြားဖြတ်ရွေးကောက်ပွဲ မဲရုံဝန်ထမ်း ၆၀၀ နီးပါး ခန့်အပ်မည်

မွန်ပြည်နယ် ချောင်း ဆုံမြို့နယ် ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် မဲရုံဝန်ထမ်း ၆၀၀ ခန့် ခန့်အပ်ရန် လျာထားကြောင်း မော်လမြိုင်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သတင်းရရှိသည်။  ချောင်းဆုံမြို့နယ် ကြား ဖြတ်ရွေးကောက်ပွဲတွင် မဲရုံ ၆၂ ရုံထားရှိမည်ဖြစ်ပြီး မဲရုံမှူး ၆၂ ဦး၊ ဒုမဲရုံမှူး ၆၂ ဦး၊ မဲစာရင်း စစ် ဆေးသူ ၁၇၂ ဦး၊ မဲလက်မှတ် ထုတ်ပေးသူ ၁၇၂ ဦး၊ မင်တို့ ၆၂ ဦး၊ မဲရုံလုံခြုံရေး ၆၂ ဦး စုစုပေါင်း ၅၉၂ ဦး လျာထားခြင်းဖြစ်သည်။ ‘‘ဒီကြားဖြတ်ရွေးကောက်ပွဲ က ကျွန်တော်တို့ ပြည်နယ်မှာ ပြည်သူ့လွှတ်တော်နေရာတစ်နေ ရာပဲ လစ်လပ်တော့ မဲရုံတွေမှာ အထွေထွေရွေးကောက်ပွဲကလို ၀န်ထမ်းများများမလိုပါဘူး။ မဲရုံ တစ်ရုံမှာ အနည်းဆုံးမဲရုံဝန်ထမ်း ခြောက်ယောက်ထားမယ်။ လူ များတဲ့ မဲရုံမှာဆို ပြန်တိုးဖို့ စီစဉ် ထားတယ်’’ဟု မော်လမြိုင် ခရိုင် ကော်မရှင်ရုံး တာဝန်ခံအရာရှိ ဦးထင်ကျော်က ပြောသည်။



      ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ချောင်းဆုံမြို့နယ် ကျေးရွာအုပ်စု ၄၃ အုပ်စုနှင့် မြို့ပေါ်ရပ်ကွက် သုံးခုတို့တွင် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင် စာရင်းကို နိုဝင်ဘာ ၁ ရက်က စ၍ ကောက်ယူထားကြောင်း ဦးထင်ကျော်ကဆိုသည်။ ၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) တို့ ယှဉ်ပြိုင်ခဲ့ရာ NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ်က အနိုင်ရရှိခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံ ရုံးတွင် ဒေါ်ခင်ဌေးကြွယ် တာဝန် ပေးအပ်ခံရ၍ ယင်းမဲဆန္ဒနယ်၌ ကိုယ်စားလှယ် လစ်လပ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ် မည်ဖြစ်သည်။ ချောင်းဆုံမြို့နယ် တွင် ၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲ၌ မဲရုံ ၆၂ ရုံထားရှိပြီး မဲရုံဝန်ထမ်း ၈၇၄ ဦး ခန့်အပ်ထား ကြောင်း မော်လမြိုင်ခရိုင် ရွေး ကောက်ပွဲကော်မရှင်ရုံးမှ သတင်း ရရှိသည်။ သန္တာလှိုင်

No comments:

Post a Comment