Monday, November 28, 2016

မြိတ်တွင် ဒီရေတောပွဲတော် နှစ်ရက်ကြာ ပြုလုပ်

ဒီရေတာထိန်းသိမ်းရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ဒီရေတောပွဲတော်ကို မြိတ်မြို့တွင် ပြုလုပ်ကြောင်း သတင်းရရှိသည်။  ဒီရေတော ပွဲတော်ကို အ ပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့် အပင်များအဖွဲ့၊သစ် တောဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာန၊ Dawei Research Association-DRA, Green Network-GN နှင့် မြိတ်တက္က သိုလ်အဏ္ဏ၀ါသိပ္ပံဌာနတို့ ပူးပေါင်း၍ နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။ ဒီရေတောပွဲတော်တွင် ဒီရေ တောဂေဟစနစ် အကြောင်းအ ရာများ၊ ဒီရေတောပင်များ၏ အ ကျိုးကျေးဇူးများ၊ လူသားတို့အား အကျိုးပြုပုံကို ပညာရှင်များ၏ ဟောပြောမှုများအပြင် ဒီရေ တောနှင့်သက်ဆိုင်သည့် ဗဟုသု တရဖွယ်အကြောင်းအရာများ အ သိပညာပေးပြခန်းများ ပြုလုပ်ခဲ့ သည်။‘‘တနင်္သာရီတိုင်းမှာရှိတဲ့ ဒီ ရေတောတွေကို အကျိုးပြုတယ်၊ ထိန်းသိမ်းကာကွယ်ကြဖို့လိုတယ် ဆိုတာ၊ အသိပညာပေးဖို့ ရည် ရွယ်ပါတယ်။ ဒီရေတောတွေကို ထိန်းသိမ်းရင် ငါးသယံဇာတတွေ ကို ထိန်းသိမ်းပြီးသားဖြစ်မယ်။ သဘာဝဘေးကိုလည်း ထိန်းပြီး သားဖြစ်မယ်’’ဟု အပြည်ပြည် ဆိုင်ရာတောရိုင်းတိရစ္ဆာန်နှင့် အ ပင်များအဖွဲ့(FFI)၏ ကမ်းရိုး တန်း ထိန်းသိမ်းကာကွယ်ရေး အ ကြံပေး ဦးအောင်ဌေးဦးက ပြော ကြားသည်။



ဒီရေတောများသည် မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကမ်းရိုးတန်းဒေသတစ်လျှောက် ၅၀၂,၉၁၁ ဟက်တာရှိပြီး၊ ရခိုင် ကမ်းရိုးတန်းဒေသတွင် ၁၇ ရာ ခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီး တွင် ၄၆ ရာခိုင်နှုန်းနှင့် တနင်္သာရီ ကမ်းခြေနှင့် မြိတ်ကျွန်းစုတွင် ၃၇ ရာခိုင်နှုန်းတည်ရှိနေသည်။

ဒီရေတောတည်ရှိမှုအခြေ အနေတွင် မြန်မာနိုင်ငံသည် တစ် ကမ္ဘာလုံး၌ အဆင့် ၇ ရှိနေပြီး အ ရှေ့တောင်အာရှတွင် တတိယ မြောက်နေရာ၌ရှိနေသည်။ တစ် ကမ္ဘာလုံးအတိုင်းအတာအရ ဒီ ရေတောအားလုံး၏ ၄ ရာခိုင်နှုန်း ကို မြန်မာနိုင်ငံက ပိုင်ဆိုင်ထား ကြောင်း သိရသည်။ ခိုင်ခိုင်စိုး

No comments:

Post a Comment