Thursday, November 24, 2016

၂၀၁၇ ကားတင်သွင်းခွင့် မူဝါဒကြောင့် လှုပ်ရှားလာသောကားဈေးကွက်

ကားဈေးကွက်အတွင်း ယခုရက်ပိုင်းတွင် ကားဟောင်းဖျက်သိမ်းပြီး ကားအသစ်တင်သွင်းခွင့်ရှိသော စလစ်ဈေးများ မြင့်တက်လာသည်။  လာမည့် ၂၀၁၇ သည် မြန်မာနိုင်ငံ၏ ကားတင်သွင်းမှု မော်ဒယ် သတ်မှတ်ချက် အသစ်များဖြင့် တင်သွင်းရမည့်အခြေအနေကို မော်တော်ယာဉ် တင်သွင်းရောင်းချသူများ မလွဲမသွေကြုံတွေ့ရတော့မည့်နှစ်ဖြစ်သည်။ ၂၀၁၇ အတွက် မော်တော် ယာဉ်တင်သွင်းမှုမူဝါဒကိုယခုလ နောက်ဆုံးပတ်တွင် တရားဝင် ထုတ်ပြန်မည်ဟု မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီကကြေညာထားသည်။ ယင်းမူဝါဒသစ်သည် တရားဝင် မထုတ်ပြန်သေးမီပြင်ပတွင် ကြို တင်ပေါက်ကြားနေပြီး အဆိုပါ ပေါက်ကြားနေသည့် သတင်းများ အတည်ဖြစ်လာနိုင်ကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းချသူများက ယုံကြည်နေသည်။



၂၀၁၇တွင်ထုတ်ပြန်မည့် မူ ၀ါဒသစ်ကြောင့် မြန်မာနိုင်ငံ၏ လမ်းမများထက်၌ နှစ်ပေါင်းများ စွာနေရာယူအသုံးတည့်လာခဲ့ သည့် တစ်ပတ်ရစ်ဂျပန်ကားများ တင်သွင်းမှု အဆုံးသတ်သွားနိုင်ကြောင်း မော်တော်ယာဉ် တင်သွင်း
ရောင်းချသူများက သုံးသပ်နေ သည်။

ကြိုတင်ပေါက်ကြားနေသော သတင်းများအရ ဖရီးပါမစ်ဖြင့်တင် သွင်းသည့်ကားများမှာ ဘယ်မောင်းတစ်မျိုးတည်းသာတင်သွင်း ရမည်ဆိုခြင်း၊ စလစ်ကပ်ကားများ ၂၀၁၁မှ ၂၀၁၆မော်ဒယ်အထိတင် သွင်းရမည်ဆိုခြင်း အပါအ၀င် ခရီး သည်တင်ကားများမှာ ၂၀၀၆မှ ၂၀၁၇မော်ဒယ်ဘယ်မောင်းတစ် မျိုးတည်းသာတင်သွင်းရမည်ဟု  သတင်းများ ထွက်ပေါ်လျက်ရှိ သည်။

အစိုးရဘက်က တိကျသည့် ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းမရှိသေးသော်လည်း စလစ်ကပ်ကားမဟုတ်ပါက အနိမ့်ဆုံး ၂၀၁၁မော်ဒယ်နှင့်အထက် တင်သွင်းရမည်မှာ သေချာသလောက်နီးပါး ရှိနေပြီဖြစ်သောကြောင့်
မော်တော်ယာဉ် တင်သွင်းရောင်းချသူများက ကုန်ကျစရိတ် မြင့်တက်လာမည်ကို စိုးရိမ်နေကြသည်။

အသစ်နဲ့အဟောင်းအားပြိုင်ပွဲ

၂၀၁၇ သည် မော်တော်ယာဉ် တင်သွင်းခွင့် ပေါ်လစီအသစ်ဖြင့် စတင်ရမည်ဖြစ်သော်လည်း ပြည် တွင်းမှ တစ်ပတ်ရစ် မော်တော် ယာဉ်တင်သွင်းသူများနှင့် ကားအ သစ်(Brand New) တင်သွင်းသူ များအကြား အားပြိုင်မှု
ပြင်းထန် လာခဲ့သည်။

‘‘အသစ်တွေသွင်းဖို့အတွက် ဒီနိုင်ငံကလိုနေပါပြီ။ ကြာလာရင် မြန်မာနိုင်ငံက ဂျပန်ရဲ့အမှိုက်ပုံလို တောင်ဖြစ်လာပြီ’’ဟု ရောင်နီဦး ကားအရောင်းစင်တာမှ ဦးအောင် ၀င်းကပြောသည်။

မြန်မာနိုင်ငံ၏ လမ်းစနစ်အ ပါအ၀င် ယာဉ်အန္တရာယ်ကင်းရှင်း ရေးအတွက် မော်တော်ယာဉ်အ သစ်များ ဦးစားပေးတင်သွင်းသင့် သည်မှာ မှန်ကန်သော်လည်း လက်ရှိပြည်သူများ၏ ၀င်ငွေအချိုးအစားနှင့် ၀ယ်ယူနိုင်စွမ်းရှိရန် ဦးစွာ လုပ်ဆောင်သင့်ကြောင်း Farmer Auto ကားအရောင်းစင်တာပိုင်ရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

မော်တော်ယာဉ်ဥပဒေ အသက်ဝင်လာတော့မည်လား

မြန်မာ့ကားဈေးကွက်၏ ၉၀ ရာခိုင်နှုန်းသည် ဂျပန်ညာမောင်း ကားများဖြစ်ပြီး လက်ရှိပြဋ္ဌာန်းထား သည့် မော်တော်ယာဉ်ဥပဒေတွင် တစ်ဦးချင်း ဖရီးပါမစ်ဖြင့် တင်သွင်းပါက ဘယ်မောင်း ၂၀၁၄ မှ ၂၀၁၆ မော်ဒယ်အထိ တင်သွင်း ရမည်ဟု ပြဋ္ဌာန်းထားသည်။

အဆိုပါဥပဒေကို မော်တော် ယာဉ်တင်သွင်းရောင်းချသူများက လွှတ်တော်တွင် ပြန်လည်ပြင်ဆင် နိုင်ရေးကြိုးပမ်းလျက်ရှိသည်။ သို့ သော် အဆိုပါကြိုးပမ်းမှုမှာ ကား တင်သွင်းမှုမူဝါဒအသစ် မထွက်မီ ပြင်ဆင်နိုင်ရေး၌ အချိန်မီတော့မည် မဟုတ်ပေ။

ထို့ကြောင့် ဂျပန်တစ်ပတ်ရစ် ကားများကိုသာ နှစ်ပေါင်းများစွာ အားထားသုံးစွဲနေသည့် မြန်မာပြည်သူများအနေဖြင့် ယင်းကားများကို စွန့်လွှတ်ကာ ကိုရီးယားနှင့်တရုတ်ကားများကို အဓိကထားတင်သွင်းရမည့် အနေအထားဖြစ် သည်။

‘‘ဂျပန်ကထွက်တဲ့ ကားတွေ ထဲက ဘယ်မောင်း အသစ်ဝယ်ချင်ရင်ဝယ်၊ မ၀ယ်နိုင်ရင်တော့ တရုတ် နဲ့ ကိုရီးယားကားတွေ သွင်းဖို့ပဲရှိ တော့တယ်’’ဟု မော်တော်ယာဉ် တင်သွင်း ထုတ်လုပ်ဖြန့်ဖြူရောင်းချသူများ အသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ရန်ကုန်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အ သုံးပြုနေသည့် ကားများမှာ အလွန် နည်းပါးနေပြီး ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းသာရှိပြီး ပုဂ္ဂလိက ယာဉ်အသုံးပြုမှုမှာ ၇၀ ရာခိုင်နှုန်း အထိ ရှိနေသဖြင့် ထည့်သွင်း စဉ်းစားရမည့် အချက်ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆရာဦးကိုကို (စက်မှုတက္ကသိုလ်)နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားထား သည်။

‘‘အများစုက ဂျပန် Used ကားတွေဖြစ်နေတယ်။ ဒါကြောင့် ကားအသစ်တွေကို ပြည်သူတွေ စီးနိုင်အောင်လုပ်ရမယ်။ ကားထုတ်လုပ်ရေးစက်ရုံတွေ ရှိလာအောင် အခုဆို အားပေးရတော့မယ်။ ဒါမှ အလုပ်အကိုင် အခွင့်အလမ်း
လည်း တစ်ဖက်ကရမှာပေါ့’’ဟု ၀န်ကြီးချုပ်က အဆိုပါတွေ့ဆုံခန်းတွင် ပြောကြားသည်။

ပြင်ပတွင် စလစ်ဈေးမြင့် တက်နေခြင်း၊ ကားဟောင်းအစီး ရေ လျော့နည်းလာခြင်းတို့ကြောင့် စလစ်ကပ်တင်သွင်းမှုမှာ နှစ်အ နည်းငယ်အတွင်း ပျောက်ကွယ် သွားနိုင်သည့် အခြေအနေတွင် ရှိ နေသည်။



လမ်းစနစ်နှင့်ကိုက်ညီသည့် မူဝါဒဖြစ်လာမှာလား

ယခုမူဝါဒအသစ်ဖြင့် ကား တင်သွင်းမည့်အစီအစဉ်ကို လွန်ခဲ့ သည့် အစိုးရလက်ထက်ကတည်း က လုပ်ဆောင်ရန် စီစဉ်ခဲ့ဖူးပြီး မြန်မာနိုင်ငံ၏ လမ်းအန္တရာယ်ကင်းရှင်းရန် အသင့်လျော်ဆုံးစနစ်ဖြစ်ကြောင်း United Dia-mond Auto ကားအရောင်းပြခန်း အကြီးအကဲ ဦးအေးထွန်းက ပြောသည်။

ယခုမူဝါဒသည် မြန်မာနိုင်ငံ ၏ ကားလောကအတွင်း ဂျပန်အရည်အသွေးနိမ့်ကားများ လိမ်လည်ရောင်းချမှုများ ရှိနေခြင်းနှင့် ကားအဟောင်းများ မြန်မာနိုင်ငံသို့ ၀င်ရောက်နေခြင်းအပေါ် ဟန့်တားရာရောက်သဖြင့် ဘယ်မောင်း အစီအစဉ်ကို ကြိုဆိုကြောင်း ရောင်နီဦးကားအရောင်း ပြခန်းပိုင်ရှင် ဦးအောင်ဝင်းက ထောက်ခံပြောကြားသည်။

မူဝါဒသစ်ကြောင့် ကားဈေးစတက်

မူဝါဒသစ်ကြောင့် ကားဈေး မြင့်တက်နိုင်ပြီး မူဝါဒသစ်စတင်ပါ က ၁၃၀၀ စီစီ အင်ဂျင်ပါဝါရှိသည့် ကားဈေးများ အဓိကမြင့်တက်လာနိုင်ပြီး ကားတင်သွင်းသူ မရှိသလောက် နည်းပါးသွားနိုင်ကြောင်း ကားအရောင်းပြခန်း ပိုင်ရှင် တစ်ဦးက ပြောသည်။

‘‘အခုလည်း အဲဒီကားလေး တွေ ဈေးကစမာနေပြီ။ ဈေးက ထပ်တက်ဖို့ပဲရှိတော့တယ်’’ဟု အ ထက်ပါ အရောင်းပြခန်းပိုင်ရှင်က ပြောသည်။

ပြည်တွင်းတွင် လူကြိုက်များ  သည့် ၁၃၀၀ စီစီ အင်ဂျင်ပါဝါရှိ သည့် ဟွန်ဒါဖစ်၊ တိုယိုတာဗစ်၊ ပ ရိုဘောက်စ် စသည့် ကားအများစု မှာ မူဝါဒသစ်စတင်ပါက ယခင်က ကဲ့သို့ ဖရီးပါမစ်ဖြင့် တင်သွင်း၍ ရမည်မဟုတ်ဘဲ စလစ်ကပ် တင်သွင်းရမည့် အခြေအနေပင်ဖြစ်သည်။

နှစ်သစ်တွင် ကားဈေးတက် မည်ဆိုသည့် စိန်ခေါ်မှုသည် ဒီချုပ် အစိုးရအတွက် စီးပွားရေးကဏ္ဍ၌ ပထမဆုံး ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက ပြောကြား သည်။

‘‘နောက်ပိုင်း သိန်းသုံးဆယ် လောက် တက်လာနိုင်တယ်။ စလစ်ဈေးပါပေါင်းပြီး ရောင်းမှရတော့မယ်။ ဈေးတက်ရောင်းရင် လည်း ရောင်းဖို့မလွယ်သလို လျှော့ရောင်းရင်လည်း ကားပြန်သွင်းဖို့ခက်တယ်’’ဟု ၀န်းရံခ ကား အရောင်းစင်တာမှ ဦးမင်းမင်းမောင်က ပြောကြားသည်။

လက်ရှိတွင် ကျပ်သိန်းကိုး ဆယ်ကျော် ပေါက်ဈေးရှိနေသည့် စလစ်ဈေးမှာ ကားဟောင်းရှားပါး  လာမှုကြောင့် ဆက်လက်မြင့် တက်လာမည်ဖြစ်ပြီး စလစ်ကပ်ကားများ ရှားပါးလာနိုင်သည့် အခြေအနေ ကြုံနိုင်ကြောင်း အရောင်းအ၀ယ် ပြုလုပ်သူများက ယူဆနေသည်။

‘‘အခုတောင် တော်တော်ရှား နေပြီ။ စလစ်က နောက်ဆိုဈေး ကွက်ထဲမှာ ရှာမရတော့မှာတောင် ကြောက်ရတယ်’’ဟု ကားတင်သွင်းသူတစ်ဦးကပြောသည်။

 တစ်ဆက်တည်းမှာပင် Consignment (အပ်ကုန်) စနစ်ဖြင့် တင်သွင်းလာသည့် ကားများထဲမှ မော်ဒယ်နိမ့်ကားများသည် ယခုနှစ်တွင် စလစ်ကပ်ရောင်းချနိုင်ခြင်းမရှိပါက ဖျက်သိမ်းစာရင်းဝင်နိုင်ကြောင်း သတ်မှတ်ထား သည်။ ကားအရောင်းစင်တာတစ်ခုချင်းစီအလိုက် အစီးရေရာနှင့်ချီကာ Consignment (အပ်ကုန်)စနစ်ဖြင့် တင်သွင်းလာသည့် ကားများအတွက်လည်း မော်တော်ယာဉ် တင်သွင်းရောင်းချသူများနှင့် အစိုးရတို့ ညှိနှိုင်းခဲ့သော်လည်း အစိုးရက ဖြေလျှော့ပေးမည့် အခြေအနေမရှိကြောင်း သိရသည်။

ထို့ကြောင့် ၂၀၁၇ တွင် စလစ်ရှားပါးမှုသည် အဆိုးဆုံးဖြစ်လာနိုင်ကြောင်း မော်တော်ယာဉ်အရောင်းအ၀ယ်ပြုလုပ်သူများက ခန့်မှန်းထားကြသည်။

ကားထုတ်လုပ်ရေးလုပ်ငန်းတွေ အားကောင်းလာမှာလား

၂၀၁၇ သည် မြန်မာနိုင်ငံတွင် အမှန်တကယ် လိုအပ်နေသည့် ပြည်ပ ကားကုမ္ပဏီကြီးများ၏ ကားထုတ်လုပ်ရေး လုပ်ငန်းများအစပြု ရင်းနှီးမြှုပ်နှံလာနိုင်ဖွယ်ရှိသည်ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

၂၀၁၇ တွင် ဘယ်မောင်းကားသစ် တင်သွင်းရမည်ဆိုသော ကြောင့် လက်ရှိ ရန်ကုန်မှ ကားအသစ်အရောင်းပြခန်း ၁၇ ခုအတွက် အခွင့်အရေးနှင့် ဈေးကွက်အားသာချက်တစ်ခု ဖြစ်သွားနိုင် ကြောင်း ကျွမ်းကျင်သူများက
သုံးသပ်သည်။

ပြည်တွင်းတွင် ထုတ်လုပ်ခွင့် လိုင်စင်ရရှိထားပြီး တွက်ခြေမ ကိုက်သဖြင့် ရပ်နားထားသည့် နိုင် ငံခြားကားကုမ္ပဏီများ ယခုမူဝါဒ သစ်ကြောင့် ပြန်လည်လုပ်ကိုင်ရန် စီစဉ်လာနိုင်ကြောင်း မော်တော် ယာဉ်အကြောင်း ကျွမ်းကျင်သူများ က သုံးသပ်ကြသည်။

ပြည်ပမှတင်သွင်းသည့် ကုန် ကျစရိတ်နှင့် ပြည်တွင်းတွင် ထုတ်လုပ်သည့် ကုန်ကျစရိတ်မှာ အနည်းငယ်သာ ကွာခြားနိုင်သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့ ပိုမိုဝင်ရောက်လာမည့် အခွင့်အရေး လည်း ဖြစ်သည်ဟု ခန့်မှန်း
ပြောကြားမှုများ ဖြစ်ပေါ်နေသည်။

ကားထုတ်လုပ်ရန် တာစူနေ သည့် နစ်ဆန်း၊ တိုယိုတာနှင့် အ ခြားပြည်တွင်းလုပ်ငန်းရှင်ကြီးများ အတွက် စတင်ပြင်ဆင်သင့်သည့် အချိန်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။

‘‘အဲဒီအချိန်ကျရင် ကားထုတ်လုပ်သူတွေ ပေါ်လာမယ်။ အခုကျ တော့ သူတို့က မကိုက်လို့မထုတ် နိုင်ကြသေးဘူး’’ မိုးညို

No comments:

Post a Comment