Tuesday, November 29, 2016

ချစ်သူက လမ်းခွဲစကားပြော၍ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ရည်းစားဖြစ်သူ မိန်းက လေး၏ လမ်းခွဲစကားပြောခြင်းခံ ရသဖြင့် အသက် (၂၈)နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးမှု ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သ တင်းရရှိသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ညောင်ပင်ကျေးရွာရှိ ငါးခြောက်ပွဲရုံတွင် လုပ်ကိုင်နေသည့် အသက်(၂၈)နှစ်အရွယ် အမျိုးသားသည် ရည်းစားဖြစ်သူက ၎င်း အား နောက်နောင်မပတ်သက်ရန် ပြောကြားသဖြင့် နိုဝင်ဘာ ၂၇ ရက် ည ၁၁ ခွဲခန့်တွင် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးမှ သိရသည်။ သေဆုံးသူ၏ညီမသည် နေအိမ်အခန်းအတွင်း အိပ်ပျော်နေစဉ် အိမ်ခြေရင်းဘက်မှ အသံကြားသဖြင့် ထကြည့်ရာ အစ်ကို ကိုမြတ်မင်းထွန်းသည် နေအိမ်ကြမ်းပြင်တွင် ကြိုးတန်းလန်းဖြင့် ပက်လက်အနေအထား ဖြစ်နေသည်ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦး ကဆိုသည်။ ထို့နောက် ညီမက ၎င်း၏ ခင်ပွန်းကိုခေါ်၍ ကြိုးအားဖြုတ်ချ ကာ ကုသပေးနေစဉ် သေဆုံးခဲ့ ခြင်းဖြစ်ပြီး ကိုမြတ်မင်းထွန်းသည် ရည်းစားနှင့် စကားများရန်ဖြစ်ကာ မိန်းကလေးက နောက်နောင်မပတ်သက်ရန် ပြောလိုက်သဖြင့် ယခုကဲ့သို့ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း အဆိုပါရဲအရာရှိကဆို သည်။ ကြိုးဆွဲချသေဆုံးခဲ့မှုနှင့်ပတ် သက် သရက်ချောင်းနယ်မြေ ရဲ စခန်းက သေမှုသေခင်း အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိ ရသည်။ 7Day Daily

No comments:

Post a Comment