Saturday, November 19, 2016

ဒေါ်နယ်ထရမ့်နှင့် ဂျပန်ဝန်ကြီးချုပ် တွေ့

အမေရိကန် သမ္မတသစ် ဖြစ်လာမည့် ဒေါ်နယ်ထရမ့်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ နယူးယောက်မြို့၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုသည် ပွင့်လင်းပြီး ဟန်ဆောင်မှု မရှိဟု ဆွေးနွေးပွဲအပြီး ဂျပန်ဝန်ကြီးချုပ်က ပြောသည်။ ဆွေးနွေးပွဲတွင် မည်သည့်အကြောင်းအရာများကို ဆွေးနွေးသည်ကို အသေးစိတ် ပြောရန် ရှင်ဇိုအာဘေးက မပြောခဲ့သော်လည်း ယခုတွေ့ဆုံမှုသည် ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲ မဲဆွယ်ကာလများအတွင်း ဂျပန်ကို အမေရိကန် စစ်စရိတ်ကို မျှခံသင့်ကြောင်းနှင့် ဂျပန်ပါဝင်သော Trans-Pacific Partnership (TPP) ကုန်သွယ်ရေးစာချုပ်ကို ဖျက်ပစ်မည်ဟု ပြောဆိုထားမှု နောက်ပိုင်း ပထမဆုံးအကြိမ် ခေါင်းဆောင် ၂ ဦး တွေ့ဆုံခြင်း ဖြစ်သည်။

No comments:

Post a Comment