Wednesday, November 23, 2016

မွန်ပြည်နယ်အတွင်း လမ်း၊ တံတားများ တည်ဆောက်ရန် ကျပ်သန်းသုံးထောင်ကျော် သုံးစွဲမည်

မွန်ပြည်နယ်အတွင်း ရှိ လမ်းတံတားတည်ဆောက်ရေး လုပ်ငန်းများအတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံး စရိတ်မှ ကျပ်သန်းသုံးထောင် ကျော် အသုံးပြုမည်ဖြစ်ကြောင်း ပြည်နယ် စည်ပင်သာယာရေး အဖွဲ့မှ သတင်းရရှိသည်။ မွန်ပြည်နယ် စည်ပင်သာ ယာရေးအဖွဲ့သည် လမ်းတံတား နှင့် အခြားတည်ဆောက်ရေးလုပ် ငန်းများအတွက် မော်လမြိုင်မြို့ တွင် ငွေကျပ် ၁,၁၂၆ ဒသမ ၀၈၃ သန်း၊ ချောင်းဆုံမြို့နယ်တွင် ငွေ ကျပ် ၁၃၄ ဒသမ ၆၆၀ သန်း၊ ဘီးလင်းမြို့နယ်တွင် ငွေကျပ် ၁၁၇  ဒသမ ၃၇၃ သန်း၊ ကျိုက် ထိုမြို့နယ်တွင် ငွေကျပ် ၃၀၁ ဒသမ ၀၁၀ သန်း၊ ပေါင်မြို့နယ် တွင် ငွေကျပ် ၁၃၉ ဒသမ ၇၈၀ သန်းတို့ အသုံးပြုမည်ဖြစ်သည်။



ထို့အပြင် သထုံမြို့နယ်တွင် ငွေကျပ် ၃၄၂ ဒသမ ၄၁၀ သန်း၊ ရေးမြို့နယ်တွင် ငွေကျပ် ၁၇၇ ဒသမ ၃၇၃ သန်း၊ လမိုင်မြို့တွင် ငွေကျပ် ၇၀ ဒသမ ၆၂၀ သန်း၊ သံဖြူဇရပ်မြို့နယ်တွင် ငွေကျပ် ၂၆၂ ဒသမ ၆၇၈ သန်း၊ ကျိုက်မ ရောမြို့နယ်တွင် ငွေကျပ် ၉၉ သန်း၊ မုဒုံမြို့နယ်တွင် ငွေကျပ် ၃၆၈ ဒသမ ၉၉၀ သန်းဖြင့် စုစု ပေါင်းငွေကျပ် ၃,၁၃၉ သန်းကျော် ဖြင့် အသုံးပြုမည်ဖြစ်ကြောင်း သိ ရသည်။ ‘‘အခုဆိုအထက်မကြီးမှာ လမ်းတွေပြင်နေတာ တွေ့နေ တယ်။ မြို့လယ်ကောင်မှာလည်း လမ်း ချဲ့တာတွေ့နေရတယ်။ ကျွန်တော်တို့ ဘက်ခြမ်းမှာ လမ်းပြင် တာ မတွေ့သေးဘူး။ ကျွန်တော် တို့ရပ်ကွက်က လူတွေလည်း စည်ပင်ခွန်ပေးရတာပဲလေ။ မကောင်း တဲ့လမ်းကို ဦးစားပေးပြင်ပေးရ မှာပေါ့။ အခုလမ်းအခြေအနေ က တော်တော်အခြေအနေဆိုး နေတယ်’’ဟု မော်လမြိုင်မြို့ ကွင်းရပ် ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

ယခုနှစ်လမ်းတံတားပြုပြင် သည့် ဘတ်ဂျက်ငွေနည်းနေခြင်း ကြောင့် ပြည်နယ်အစိုးရက ခွင့်ပြု ပေးသည့် လမ်းများကိုသာ ပြု ပြင်ပေးရခြင်းဖြစ်သည်ဟု မွန် ပြည်နယ်စည်ပင်သာယာရေးအ ဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင် ဆိုသည်။

‘‘စည်ပင်သာယာရေးအဖွဲ့ အနေနဲ့ လုပ်စရာတွေ အများကြီး။ ပြင်ရမယ့်လမ်း၊ တံတားတွေ လည်း အများကြီး။  ဒီရငွေနဲ့ မလုံ လောက်နိုင်ဘူး။ စည်ပင်က တင် တဲ့အတိုင်း ပြည်နယ်အစိုးရက ခွင့်မပြုဘူး။ သူတို့မှာလည်း ဘတ် ဂျက်က မလုံလောက်တော့ အ ရေးကြီးတဲ့ လုပ်ငန်းအပိုင်းတွေ ကိုပဲ စိစစ်ခွင့်ပြုတယ်။ ဘတ်ဂျက် ပိုမိုခွင့်ပြုပေးမယ်ဆိုရင်တော့ ပို အဆင်ပြေတယ်။ အခုတော့ ဟို လမ်းကျန်၊ ဒီလမ်းကျန်တော့ ပြောစရာတွေ ဖြစ်နေတာပေါ့’’ဟု  ဦးမြင့်အောင်က ပြောသည်။ သန္တာလှိုင်

No comments:

Post a Comment