Tuesday, November 22, 2016

လတ်တလော တိုက်ပွဲများဖြစ်ပွားနေသော်လည်း အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပျက်ယွင်းခံမည်မဟုတ်ကြောင်း ဦးဇော်ဌေးပြောကြား

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အပါအ၀င် နေရာအချို့မှာ KIA/ MNDAA/ TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ပေမယ့် အစိုးရအနေနဲ့ လက်ရှိလုပ်ဆောင် နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုပျက်ယွင်းခံမှာမဟုတ်ဘဲဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဌေးက CNB ကိုပြောကြားပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေးစာချုပ်NCAကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေအားလုံးပါဝင်လက်မှတ်ရေးထိုးလာနိုင်ရေးအတွက်အစိုးရအနေနဲ့နည်းလမ်းမျိုးစုံနဲ့ကြိုးစားနေကာလက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့ တွေပါဝင်လာဖို့အတွက်တံခါးဖွင့်ပေးပြီးဆောင်ရွက်နေပြီးသားဖြစ်တယ်လို့ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်ဦးဇော်ဌေးက ပြောပါတယ်။
အခုလိုပြည်သူလူထုထိခိုက်အောင်ဆောင်ရွက်လာတဲ့အဖွဲ့တွေဟာငြိမ်းချမ်းရေးလမ်းစဉ်ကိုစွန့်လွှတ်လိုက်တယ်လို့ယူဆရသလိုဖြစ်နေပြီးလက်ရှိမှာအစိုးရကNCAလက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့လုပ်ဆောင်နေတဲ့၂၁ရာစုပင်လုံညီလာခံကိုလုပ်ငန်းစဉ်အတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်ဦးဇော်ဌေးကပြောပါတယ်။ နိုဝင်ဘာ(၂၀)မနက်ပိုင်းကစပြီး KIA ၊ MNDAA ၊ TNLA ပူးပေါင်းလက်နက်ကိုင်အဖွဲ့တွေဟာ ရှမ်းပြည်အရှေ့ပိုင်း၊ တရုတ်နယ်စပ် မူဆယ်-ကွတ်ခိုင် ဧရိယာက တပ်မတော်နဲ့ရဲတပ်ဖွဲ့စခန်းတွေအပါအ၀င် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကိုပါ ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူ(၈)ဦး ဒဏ်ရာရသူ (၂၉)ဦးရှိခဲ့တယ်လို့ နိုဝင်ဘာ(၂၀)ညပိုင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။ ဒီသတင်းကို Central News Bureau က မေထွယ်ပေးပို့တာဖြစ်ပါတယ်။

No comments:

Post a Comment