Tuesday, November 22, 2016

နာရေးပို့ယာဉ်တန်းနှင့် မူဆယ်ဈေးကို တိုက်ခိုက်မည့် သတင်းကြောင့် မူဆယ်တွင် ကျီးလန့်စာစားဖြစ်

နမ့်ပေါ်တံတား ရဲကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်သုံးဦး၏ ဈာပနကို ယနေ့ (နိုဝင်ဘာ ၂၂ ရက်) မွန်းလွဲ ၁ နာရီဝန်းကျင်က မူဆယ်သုသာန်၌ ပြုလုပ်မည်ဖြစ်ရာ ယင်းနာရေးယာဉ်တန်းနှင့် မူဆယ်ဈေးကို လက်နက်ကိုင်များက ဝင်တိုက်တိုက်ခိုက်မည် ဆိုသည့် ကောလာဟလ သတင်းများ ထွက်ပေါ်လာခြင်းကြောင့် မူဆယ်တွင် ဒေသခံများအကြား ရုတ်ရုတ်သဲသဲဖြစ်ပြီး ဈေးအနီးဝန်းကျင်ရှိ ဆိုင်များနှင့် စားသောက်ဆိုင်များ ပိတ်ကာ နေအိမ်သို့ ပြန်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် အဆိုပါ ရဲတပ်ဖွဲ့ဝင်သုံးဦး၏ နာရေးကို ပို့ဆောင်မည့် သူ များနေပြီး လမ်းမပေါ်တွင် မော်တော်ယာဉ် အများအပြား စောင့်ဆိုင်းနေစဉ် နာရေးပို့ယာဉ်များကို ပစ်ခတ်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်၍ ဒေသခံများ စိုးရိမ်ထိတ်လန့်စွာဖြင့် နေအိမ်သို့ ပြန်ကြခြင်း ဖြစ်ကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
The Voice

No comments:

Post a Comment