Saturday, November 19, 2016

ဒီပေးကို အငှားဖြင့်ခေါ်ယူလိုကြောင်း ပြောဆိုခဲ့သည့် ကိုးမန်းကို မော်ရင်ဟိုဝေဖန်

 ဒီပေးကို အငှားဖြင့်ခေါ်ယူလိုကြောင်း တရားဝင်ထုတ်ဖော် ပြောဆိုခဲ့သည့် အဲဗာတန်နည်းပြကိုးမန်းကို မန်ယူနည်းပြမော်ရင်ဟိုက ဝေဖန်လိုက်သည်။ နယ်သာလန်တစ်နိုင်ငံတည်းသား ကိုးမန်းက ဂွတ်ဒီဆင်ပါ့ခ်သို့ခေါ်ယူရန ဆန္ဒပြင်းပြနေချိန်တွင် မန်ယူတောင်ပံကစားသမား ဒီပေးမှာ ဇန်နဝါရီအတွင်း အငှားဖြင့်ထွက်ခွာနိုင်ကြောင်း အသိပေး ခံထားရသည်။ သို့သော် မော်ရင်ဟိုက ဒီပေးနှင့်ပတ်သက်ပြီး မှတ်ချက်ပြုခဲ့သည့် ကိုးမန်းကိုဒေါသထွက်နေပြီး ၎င်း၏မန်ယူအသင်းသားတစ်ဦး ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမှာ လေးစားမှု အားနည်းခြင်းဖြစ် သည်ဟု စွပ်စွဲခဲ့သည်။ “ကျွန်တော်ပုံမှန်အားဖြင့် ဒီလိုမှတ်ချက်မျိုး ပေးလေ့မရှိပါဘူး။ တစ်ယောက်ယောက်က တခြားအသင်းက ကစားသမားအကြောင်း မေးလာခဲ့ရင် အဲဒီကစားသမားက ကျွန်တော့်အသင်းသား မဟုတ်တဲ့ အကြောင်းကိုပဲ ပြန်ဖြေလေ့ရှိပါတယ်။ တခြားအသင်းရဲ့ကစား သမားတစ်ယောက်၊ တခြားနည်းပြရဲ့ ကစားသမားတစ်ယောက်အကြောင်းကို လုံးဝမှတ်ချက်ပေးလေ့ မရှိပါဘူး။ ဒါက ကျင့်ဝတ်လိုက်နာတဲ့ အဖြေလို့ထင်ပါတယ်။  ကျင့်ဝတ်တွေကိုစိုးရိမ်တယ်ဆိုရင် စည်းကမ်းတွေကိုလိုက်နာဖို့ လိုပါတယ်။ တကယ်လို့ ကျွန်တော်သာ အဲဗာတန်ကစားသမား တစ်ယောက်အကြောင်းပြောမိခဲ့ရင် ကျွန်တော်ဒုက္ခရောက်သွားနိုင်ပါတယ်”ဟု မော်ရင်ဟိုက ပြောသည်။ ဝေဘုန်းလူ Ref; Mirror

No comments:

Post a Comment