Friday, November 18, 2016

လူငယ်ကြိုက် အဆိုတော်တွေရဲ့ ဂီတပုံစံမျိုးစုံကို ခံစားရမယ့် စီးရီးသစ်

လူငယ်ကြိုက် အဆို တော်များစွာ ပါဝင်သီဆိုထား သည့် Ve Ve နှစ် (၂၀)ပြည့် တေး စီးရီးကို ဒီဇင်ဘာ ၃ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ တေးစီးရီးတွင် စိုင်း စိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ Snare၊ လွှမ်းပိုင်၊ ရဲရင့်အောင်၊ ရွှေထူး၊ ဖြိုးပြည့်စုံ၊ G Fatt၊ ဝိုင်းစုခိုင်သိန်း၊စန္ဒီမြင့်လွင်၊ ပိုပို၊ Bobby Soxer၊ အိချောပို၊ နန်းမြတ်ဖြိုးသင်းနှင့် နန်းဆုဦးတို့ ပါဝင်သီဆိုထား သည်။ ‘‘သီချင်းတွေကတော့ ပရိ သတ်ကြိုက်နှစ်သက်နိုင်မယ့် ကာ လာစုံ၊ ဂီတပုံစံမျိုးစုံ ထည့်ထားပါ တယ်။ သီချင်းရွေးချယ်မှုအပိုင်း တော့ ကိုနိုင်ဖြိုးကျော်ရယ်၊ ဘိုဘို အင်တာတိန်းမန့်က ကိုဘိုစန်း ရယ်၊ ပါဝင်တဲ့ အဆိုတော်တွေရယ်စိတ်ကြိုက်ရွေးထားတာပါ။ ဒီအခွေကို တစ်နှစ်လောက်ကို အချိန်ယူပြီး စီစဉ်ထားတာပါ’’ဟု အဆိုပါအခွေ စီစဉ်သူတစ်ဦးဖြစ် သည့် ကိုဝေမင်းမောင်က ပြော သည်။



ပါဝင်သည့် အဆိုတော် များပြားသောကြောင့် သီချင်း အားလုံးရရှိရန် အချိန်ပေးရပြီး လက်ရှိအချိန်အထိ အဆိုတော် အချို့ထံမှ သီချင်းများရရှိရန် ကျန်နေသေးကြောင်း ၎င်းက ဆိုသည်။

သို့သော် ယင်းအခွေကို ဒီဇင်ဘာ ၃ ရက်တွင် ဖြန့်ချိမည်ဖြစ်ပြီး ဒီဗီဒီကိုလည်း လာမည့်နှစ် သင်္ကြန်မတိုင်မီ ဖြန့်ချိမည်ဟု ကိုဝေမင်း မောင်က ပြောသည်။

အဆိုပါအခွေတွင် သီချင်း စုစုပေါင်း ၁၄ ပုဒ် ပါဝင်မည်ဖြစ် ပြီး စုံတွဲအနေဖြင့် ထွန်းထွန်းနှင့် နန်းမြတ်ဖြိုးသင်း၊ ရဲရင့်အောင် နှင့် Bobby Soxer တို့ သီဆိုထား သည့် သီချင်းများလည်း ပါဝင် မည်ဖြစ်သည်။

ယင်းအခွေ ပရိုမိုးရှင်းပွဲများ ကို ရန်ကုန်နှင့် မန္တလေးတို့တွင် ပြု လုပ်ရန် စီစဉ်ထားပြီး လာမည့်နှစ် အတွင်း Ve Ve ၏ နယ်လှည့်ဖျော် ဖြေပွဲများ ဆက်တိုက်ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သတင်းရရှိ သည်။ ဇွဲဉာဏ်

No comments:

Post a Comment