Sunday, November 20, 2016

မက်ဒရစ်ဒါဘီပြိုင်ဘက်ကို ဗင်းဆင့်ကယ်လ်ဒါရွန်းမှာ ဂိုးပြတ်အနိုင်ယူလိုက်တဲ့ ရီးယဲလ်


လာလီဂါ ပွဲစဉ်(၁၂)မှာ ဆုံတွေ့တဲ့ မက်ဒရစ်ဒါဘီပြိုင်ဘက် အက်သလက်တီကိုကို ရီးယဲလ်အသင်းက ဗင်းဆင့်ကယ်လ်ဒါရွန်းမှာ ဂိုးပြတ်အနိုင်ယူလိုက်ပါတယ်။ အိမ်ရှင် အက်သလက်တီကို အသင်းဟာ ပုံမှန်အတိုင်း ၄-၄-၂ ကစားကွက် ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဂရစ်ဇ်မန်း၊ တောရက်စ်၊ ကွင်းလယ်မှာ ကာရက်စ်ကို၊ ဂါဘီ၊ ကိုကီ၊ ဆာအူလ်တို့ကို ပွဲထုတ်ခဲ့ပါတယ်။ ရီးယဲလ်အသင်းကတော့ ၄-၃-၃ နဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ ဘေးလ်၊ စီရော်နယ်လ်ဒို၊ လူးကပ်စ်ဗက်ဇ်ကွက်ဇ်၊ ကွင်းလယ်မှာ အစ္စကို၊ ကိုဗာချစ်၊ မိုဒရစ်တို့ ကစားခဲ့ပါတယ်။ ရီးယဲလ်အသင်းအတွက် အဖွင့်ဂိုးကို စီရော်နယ်လ်ဒိုက (၂၃)မိနစ်မှာ ဖရီးကစ်ကတစ်ဆင့် ကန်သွင်းခဲ့ပါတယ်။ စီရော်နယ်လ်ဒိုရဲ့ ကန်ချက် လူတံတိုင်းနဲ့ထိပြီး လမ်းကြောင်းပြောင်းခဲ့တာကြောင့် အက်သလက်တီကို ဂိုးသမား အိုဘလက် ကာကွယ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာ အက်သလက်တီကိုက ဂါဘီ၊ တောရက်စ်တို့ကို ကော်ရီယာ၊ ဂါမဲရိုးတို့နဲ့ လူစားလဲပြီး အပြောင်းအလဲ လုပ်ခဲ့ပေမယ့် ဂိုးတွေ ထပ်မံရရှိသွားတာက ရီးယဲလ် အသင်းဖြစ်ပါတယ်။
ပွဲချိန်(၇၁)မိနစ်မှာ စီရော်နယ်လ်ဒိုက သူ့ကြောင့်ရတဲ့ ပယ်နယ်တီကို သူကိုယ်တိုင် ကန်သွင်းခဲ့ပါတယ်။ (၇၇)မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဂါရတ်ဘေးလ်ရဲ့ ပေးပို့မှုကို စီရော်နယ်လ်ဒို အဆုံးသတ်ပြီး ဟက်ထရစ်ရခဲ့ပါတယ်။ အက်သလက်တီကို အသင်းကတော့ ဂိုးသမား အိုဘလက် ဂိုးပေါက်ကာကွယ်ချိန်မှာ ပထမဆုံးအကြိမ်အဖြစ် လာလီဂါမှာ တစ်ပွဲတည်း (၃)ဂိုးပေးခဲ့ရတာပါ။
လာလီဂါ ပွဲစဉ်(၁၂)မှာ ဘာစီလိုနာအသင်း သရေကျခဲ့ပြီး ရီးယဲလ်က အနိုင်ရခဲ့တာကြောင့် နှစ်သင်းကြား အမှတ်ကွာဟမှု (၄)မှတ်ရှိသွားခဲ့ပါတယ်။
■ ပရီးမီးယားလိဂ် ရလဒ်များ
မန်ယူ ၁-၁ အာဆင်နယ်
ခရစ္စတယ်ပဲလေ့စ် ၁-၂ မန်စီးတီး
အဲဗာတန် ၁-၁ ဆွမ်ဆီး
ဆောက်သမ်တန် ၀-၀ လီဗာပူးလ်
စတုတ်စီးတီး ၀-၁ ဘုန်းမောက်
ဆန်းဒါးလန်း ၃-၀ ဟားလ်စီးတီး
ဝက်ဖို့ဒ် ၂-၁ လက်စတာ
စပါး ၃-၂ ၀က်စ်ဟမ်း
■ လာလီဂါ ရလဒ်များ
ဒီပို့တီဗို ၂-၃ ဆီဗီလာ
ဘာစီလိုနာ ၀-၀ မာလာဂါ
အီဘာ ၁-၀ ဆယ်လ်တာဗီဂို
အက်သလက်တီကို ၀-၃ ရီးယဲလ်မက်ဒရစ်
■ စီးရီးအေ ရလဒ်များ
ချီယေဗို ၁-၀ ကာဂလီယာရီ
အူဒီးနီးစ် ၁-၂ နာပိုလီ
ဂျူဗင်တပ်စ် ၃-၀ ပက်စ်ကာရာ
■ ဘွန်ဒစ်လီဂါ ရလဒ်များ
မိုချန်ဂလာဘတ် ၁-၂ ကိုလုံး
မိန့်ဇ် ၄-၂ ဖရိုင်းဘတ်
ဝုလ်ဖ်ဘတ် ၀-၁ ရှော်လ်ကေး
အော့စ်ဘတ် ၀-၀ ဟာသာဘာလင်
ဒမ်းစတက်ဒ် ၀-၁ အင်ဂိုးလ်စတက်ဒ်
ဒေါ့မွန် ၁-၀ ဘိုင်ယန်မြူးနစ်
■ ပြင်သစ်လီဂူး ရလဒ်များ
PSG ၂-၀ နန့်စ်
နန်စီ ၁-၀ ဒီယွန်း
ဘတ်စတီယာ ၁-၁ မောင့်ပယ်လီယာ
တူးလူး ၁-၂ မက်ဇ်
ရန်းစ် ၁-၁ အန်ဂါစ်
■ လိဂ်ချန်ပီယံရှစ် ရလဒ်များ
ဘန်စလေ ၀-၀ ၀ီဂန်
ဘာမင်ဂမ် ၁-၀ ဘရစ္စတိုးလ်စီးတီး
ဘလက်ဘန်း ၃-၂ ဘရန့်ဖို့ဒ်
ကာဒစ်ဖ် ၃-၂ ဟတ်ဒါဖီးလ်
ဒါဘီ ၃-၀ ရော့သာဟမ်
ဖူလ်ဟမ် ၁-၁ ရှက်ဖီးဝင်းစ်ဒေး
ပရက်စတန် ၀-၀ ၀ုလ်ဗ်
QPR ၂-၁ နောဝစ်ခ်ျ
ရက်ဒင်း ၃-၀ ဘာတန်
အစ်ဝစ်ခ်ျ ၀-၂ နော်တင်ဟမ်

No comments:

Post a Comment