Tuesday, November 22, 2016

တရုတ်နိုင်ငံ ရွှေလီမြို့ ကြက်ခြေနီ အသင်းမှ မူဆယ်မြို့ရှိ တိုက်ပွဲရှောင် ပြည်သူများ အတွက် ဆန်၊ မိုးကာ၊ အနွေးထည်များ လှူဒါန်း

တရုတ်နိုင်ငံ ရွှေလီမြို့ ကြက်ခြေနီ အသင်းမှ ကြီးကြပ်ရေးမှူး မစ္စ ဟုန်းစုဝေလျန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် မူဆယ်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဝင်/ထွက် ပေါက် နန်းတော်ဂိတ်၌ တိုက်ပွဲရှောင် ပြည်သူများ အတွက် ဆန် ၁ဝ တန်၊ မိုးကာအင်္ကျီ အထည် ၁ဝဝ၊ အနွေးထည် အင်္ကျီ အထည် ၁ဝဝဝ ၊ စောင် အထည် ၁ဝဝဝ တို့အား ပေးအပ် လှူဒါန်းရာ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း၊ ဦးကိန်မိုင်နှင့် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း တို့က လက်ခံ ရယူကြသည်။ အဆိုပါ လှူဒါန်းထားသည့် ပစ္စည်းများအား မူဆယ် မြို့ပေါ်ရှိ ယာယီ ဖွင့်လှစ်ထားသည့် တိုက်ပွဲရှောင် စခန်းများ ဖြစ်သည့် မြောက်ရပ်ကွက် မဟာဝန်ကျောင်း၊ တောင်ရပ်ကွက် ဇေတဝန် ကမ္မဋ္ဌာန်းကျောင်း၊ ဟိုမွန်ရပ်ကွက် ကချင် နှစ်ခြင်း ခရစ်ယာန်ကျောင်း၊ စွမ်စော်ရပ်ကွက် အောင်မင်္ဂလာ ကျောင်းနှင့် နမ့်ခွန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းများသို့ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment