Saturday, November 19, 2016

နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း သင်တန်းဆင်းပွဲအခမ်းအနား


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းတပ်တောင် ကျေးရွာအနီးရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူ ငယ်များစက်မှုလက်မှု ပညာသင်တန်း (ကျောက်ဖြူ)တွင် နိုဝင်ဘာလ(၁၈)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီတွင် ကျင်းပပြုလုပ်သော စက်ပြင်နှင့် လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း သင်တန်း အမှတ်စဉ် (၃/၂၀၁၆) သင်တန်း ဆင်းပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာန(စစ်တွေ)၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်ဇော်မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ရာ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနဟာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ကို အခြခံ၊ အဆင့်မြင်ပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး နယ်စပ်ဒေသ ၏ လူစွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန်နှင့် အမျိုးသားငယ်များ အား အသက်မွေးဝမ်းကြောင်း လုပ်ငန်းပညာရပ် များ သင်ကြားလေ့ကျင့် ပေးခြင်းဖြင့် လူမှု၊ စီးပွား၊ ဘ၀ဖွံ့ဖြိုး တိုးတက်အောင် အကောင်ထည် ဖော်ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊
ယခု သင်တန်းဆင်းပွဲတွင် စက်ပြင်နှင့် လျှပ်စစ် သင်တန်းသား(၃၀)ဦး၊ ဂဟေသင်တန်း သား(၃၀)ဦး တို့အား သင်ကြား မွေးထုတ် ပေးခဲ့ပါကြောင်း ပြောကြားခဲ့ကာ၊ ကျောက်ဖြူခရိုင် အထွေထွေအုပ် ချုပ်ရေးမှူး ဦးစိုးသိန်းမှ မြို့မိ/မြို့ဖများ ကိုယ်စားကျေးဇူး တင်စကား ပြောရာ စက်မှုလက်မှု သင်တန်း ကျောင်း ရဲ့ သင်တန်းသားပေါင်း (၃/၂၀၁၆) အပါအ၀င် (၁၆၀) ဦး မွေးထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆိုင်ကယ်၊ တစ်လုံထိုးဒီဇယ်၊ ဓါတ်ဆီအင်ဂျင်တွေကို ပြုပြင်တဲ့ အတတ်ပညာတွေ၊ လျှပ်စစ်၊ ဂဟေပညာရပ် နှင့် အိမ်တွင်းဝါယာရိမ်းလိုက် အတတ်ပညာရပ်တွေက သင်ကြားပေးပြီးဖြစ်တဲ့အတွက် အလွန်မှဂုဏ်ယူ ၀မ်းမြောက်မိပါကြောင်း ပြောခဲ့ပါသည်။
ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုလက်မှတ်ပေးခဲ့ပြီး၊ သင်တန်းသားများ၏ လက်တွေ့ လုပ်ဆောင်မှုများကို ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment