Monday, November 21, 2016

တိုက်စစ်မှူး ဟယ်ရီကိန်းကို စပါးနည်းပြ ချီးကျူး

တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦးဖြစ်တယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ချီးကျူးပြောကြားခဲ့ပါတယ်။ စပါးအသင်းဟာ ဟယ်ရီကိန်း ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့အချိန်မှာ နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ အနိုင်ရခဲ့တာကြောင့် ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်ပြီး သူ မပါတဲ့အချိန်တွေမှာ နိုင်ပွဲရဖို့ ခက်ခဲခဲ့တယ်လို့ နည်းပြပိုချက်တီနိုက ဝန်ခံပြောကြားခဲ့ပါတယ်။ စပါးအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ ပွဲချိန် ၈၈ မိနစ်အထိ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပွဲချိန် ၈၉ မိနစ်နဲ့ မိနစ် ၉၀ တွေမှာ ဟယ်ရီကိန်းက နှစ်ဂိုး ဆက်သွင်းယူနိုင်ခဲ့လို့ အနိုင် ၃ မှတ် ရယူခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment