Saturday, November 19, 2016

သပိတ်ကျင်း လစ်လပ် စည်ပင်ကော်မတီဝင်တစ်ဦးကို ပြန်ရွေး

မန္တလေးတိုင်း သပိတ်ကျင်းမြို့ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လစ်လပ်နေသည့် စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးကို နိုဝင်ဘာလ ၁၈ ရက်နေ့က ပြန်လည်ရွေးချယ်ကြောင်း အဆိုပါ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးခင်မောင်ခက ပြောကြားသည်။ မြို့နယ်စည်ပင်ယာရေးဖွဲ့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် ဥပဒေနှင့်အညီ မြို့မိမြို့ဖအဖွဲ့ ဥက္ကဋ္ဌ အပါအဝင် ကော်မတီဝင် လေးဦးကို အောက်တိုဘာလ ၉ ရက်နေ့က ခန့်အပ်ပြီး ကော်မတီဝင်တစ်ဦးမှာ အောက်တိုဘာ လ ၂၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သဖြင့် ကော်မတီဝင် အသစ်တစ်ဦး ပြန်ရွေးခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ မြို့မိမြို့ဖ ၁၁ ဦးအနက် ကော်မတီဝင်တစ်ဦးကို ရွေးချယ်ခြင်း ဖြစ်ကြောင်း ဦးခင်မောင်ခက ဆိုသည်။ အဆိုပါ လစ်လပ်နေသော ကော်မတီဝင်တစ်ဦး၏ နေရာတွင် ယခု မဲဆန္ဒစနစ်ဖြင့် ပြန်လည်ရွေးချယ်ခံရသော ဦးမြင့်ငွေကို တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ထံ တင်ပြအတည်ပြုချက် ရယူကာ အသစ်ပြန်လည် ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း သပိတ်ကျင်းမြို့ စည်ပင်သာယာရေးကော်မတီ အဖွဲ့ထံမှ သိရှိရသည်။

No comments:

Post a Comment