Wednesday, November 30, 2016

နေပြည်​​တော်​အ​ခြေစိုက်​ သတင်း​ထောက်​တစ်​ဦး ပုဒ်​မ၆၆ဃဖြင့်​ အဖမ်းခံရ

နေပြည်​​တော်​အ​ခြေစိုက်​ News Watch (​စောင့်​ကြည့်​)သတင်းဂျာနယ်​မှ သတင်း​ထောက်​ ဦး​မောင်​​မောင်​ထွန်းကို ဆက်​သွယ်​​ရေးဥပ​ဒေပုဒ်​မ ၆၆ဃ နဲ့ နိုဝင်​ဘာ ၂၉ရက်​ ည ၉နာရီဝန်းကျင်​မှာ ပျဉ်းမနားရဲစခန်းတာဝန်​ရှိသူ​တွေက ဖမ်းဆီးသွားပါတယ်​။ ဩဂုတ်​လအတွင်းက ဦး​မောင်​​မောင်​ထွန်းရေးသားခဲ့တဲ့ မြို့မ​ဈေးသတင်းနဲ့ပတ်​သက်​ပြီး ​​​ကြေးမုံသတင်းစာက သတင်း​ထောက်​တဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲတာလို့ သိရပါတယ်​။ မနက်ဖြန် နေ့လည် ၁၂နာရီအချိန်​ ပျဉ်းမနားတရားရုံးမှာ ဦး​မောင်​​မောင်​ထွန်းကို ရမန်​ယူရုံးထုတ်​မယ်​လို့ သိရပါတယ်​။

No comments:

Post a Comment