Wednesday, November 23, 2016

အရေးပေါ်အခြေအနေတွင်အသုံးပြုရန် ဒေသတွင်းတိုက်နယ်ဆေးရုံများရှိ ဆေးဝါးများကို မူဆယ်ဆေးရုံသို့ သယ်ဆောင်ထား

အရေးပေါ်အခြေအနေ တွင် အသုံးပြုနိုင်ရန် ဒေသတွင်း တိုက်နယ်ဆေးရုံအချို့မှ ဆေးဝါး များကို မူဆယ်ဆေးရုံသို့ သယ် ယူစုစည်းထားသည်ဟု မူဆယ် ဆေးရုံတာဝန်ရှိသူတစ်ဦးက နိုဝင် ဘာ ၂၁ ရက်တွင် ပြောသည်။ မူဆယ် (၁၀၅)မိုင်ကုန်သွယ် ရေးစခန်းအပါအဝင် ရှမ်းပြည် နယ်မြောက်ပိုင်းရှိ ဒေသများ၌ နို ဝင်ဘာ ၂၀ ရက်က ဖြစ်ပွားသောတိုက်ခိုက်မှုများကြောင့် အစိုးရ လုံခြုံရေးတပ်ဖွဲ့များ၊ အရပ်သား များ သေဆုံးထိခိုက်မှုဖြစ်ပွားခဲ့ရာ မူဆယ်ဆေးရုံသို့ စုစုပေါင်း ၃၀ ဦးဆေးကုသမှုခံယူရန် ရောက်ရှိ လာပြီး ၎င်းတို့အနက် လေးဦးသေ ဆုံးခဲ့ကြောင်း သိရသည်။ ‘‘ဒီနေ့ ထူးခြားတာကတော့ မနက်ပိုင်းက နယ်တွေမှာရှိတဲ့ တိုက်နယ်ဆေးရုံတွေကနေ ဆေး ဝါးတွေ သယ်တာရှိတယ်။ လူနာ တွေလည်း တအားများတယ်။ မနေ့က ရောက်လာတဲ့ အချိန်မှာ ဒီသောက်ဆေးပိုင်းဆိုင်ရာ ပြတ် တောက်သွားတာ။ တိုက်နယ် ဆေးရုံတွေမှာ ဖြန့်ထားတာတွေ ကို ပြန်စုပြီးတော့ ပြန်သုံးမှာပေါ့’’ ဟု မူဆယ်ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။



ဆက်လက်၍ ၎င်းက ‘‘အခု အချိန်မှာ မြို့ပေါ်မှာ ဝယ်ဖို့မလွယ် ဘူး။ အဲဒါကြောင့်ရှိတဲ့ အနီးစပ် ဆုံးတိုက်နယ်ဆေးရုံ၊ ဆေးပေး ခန်းတွေကနေ ပြန်ပြီးတော့ ယူပြီး သုံးတာပေါ့။ တချို့နေရာတွေက တော့ နယ်မြေအခြေအနေအရ သွားပြီး ယူလို့မရတာတွေရှိတယ်။ လောလောဆယ် လိုအပ်လာရင် အခက်အခဲဖြစ်မှာစိုးလို့ လိုက်စု ထားတာပေါ့’’ဟု ဆိုသည်။

ထိုသို့ ဆေးဝါးများသယ်ယူ စုစည်းရာတွင် ထိခိုက်ဒဏ်ရာရသူများ အသုံးပြုရန် လိုအပ်သော သောက်ဆေးများ၊ ပတ်တီးများ ပါဝင်ကြောင်း သိရသည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ ကိုးကန့်လက်နက်ကိုင်အ ဖွဲ့ (MNDAA)နှင့် တအာင်းလက် နက်ကိုင်အဖွဲ့ (TNLA)တို့က နိုဝင်ဘာ ၂၀ ရက်တွင် အစိုးရလုံခြုံ ရေးတပ်ဖွဲ့များကို လာရောက် တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့ သည့် တိုက်ပွဲများကြောင့် လက်ရှိ ၌ မူဆယ်မြို့တွင် စစ်ဘေးဒုက္ခ သည် ၂,၀၀၀ ကျော် ရောက်ရှိနေ ကြောင်း၊ ၎င်းတို့ကိုလည်း လူမှု ကူညီရေးအသင်းများနှင့် ကျန်းမာ ရေးဌာနတို့ ပူးပေါင်း၍ ကျန်းမာ ရေးစောင့်ရှောက်မှုများ ပြုလုပ် ပေးနေကြောင်း သိရသည်။

No comments:

Post a Comment