Wednesday, November 23, 2016

မောင်တောတွင် စားနပ်ရိက္ခာထောက်ပံ့ရန်နှင့် လျှပ်စစ်မီးပေးနိုင်ရန် အစိုးရက ကျပ်သိန်း တစ်ထောင်ခန့်လှူဒါန်း

အကြမ်းဖက်မှုများ ဖြစ်ပွားသည့် မောင်တောနယ်စပ် ဒေသရှိ စားနပ်ရိက္ခာအခက်အ ခဲဖြစ်နေသော ကျေးရွာများအား ရိက္ခာထောက်ပံ့ရန်နှင့် ညပိုင်း လျှပ်စစ်မီးများဖြန့်ဝေပေးနိုင်ရန် ကျပ်သိန်းတစ်ထောင်ခန့်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာနက လှူဒါန်းခဲ့ကြောင်း သ တင်းရရှိသည်။ လူကယ်ပြန် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့သည် နိုဝင်ဘာ ၂၀ ရက် က မောင်တောနယ်စပ်သို့ ရောက် ရှိလာပြီး ရခိုင်တိုင်းရင်းသားများ နှင့် ဘင်္ဂါလီများကို တွေ့ဆုံကာ နယ်စပ်ဒေသတည်ငြိမ်အေးချမ်း ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ပေးကြရန် တိုက်တွန်းခဲ့သည်။



‘‘စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေတဲ့ ကျေးရွာတွေအတွက် ထောက်ပံ့ငွေသိန်းခုနစ်ရာနဲ့ ည နေဘက် လျှပ်စစ်မီးဖြန့်ဝေပေး နိုင်ဖို့အတွက် မီးစက်ဆီသုံးဖို့ ငွေ ကျပ်သိန်းသုံးရာခန့် ထောက်ပံ့ ပေးထားပါတယ်’’ဟု ရခိုင်ပြည် နယ်အစိုးရအဖွဲ့တာဝန်ရှိသူတစ် ဦးက ပြောသည်။

မောင်တောနယ်စပ်ဒေသ တွင် အောက်တိုဘာ ၉ ရက် အ ကြမ်းဖက်တိုက်ခိုက်မှုနှင့် လက်ရှိ အချိန်ထိ ဆက်လက်ဖြစ်ပွားနေ သော မငြိမ်သက်မှုများကြောင့် လုံခြုံရေးစိုးရိမ်ကာ ဒေသခံအများ စု တစ်နေရာမှ တစ်နေရာသို့မသွားရဲဘဲ ဒေသခံအချို့၌ စားနပ်ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေသည်။

အလားတူလုံခြုံရေးစိုးရိမ်မှု များကြောင့် မြို့နယ်လျှပ်စစ်ဓာတ် အားပေးလုပ်ငန်းမှ လျှပ်စစ်မီး များကို အောက်တိုဘာ ၉ ရက်က စတင်ကာ နေ့စဉ် ညနေ ၆ နာရီခွဲ မှ နံနက် ၄ နာရီထိ ဖြန့်ဝေပေးနေ ကြောင်း တွေ့ရသည်။ အကြမ်း ဖက်မှုများ မဖြစ်ပွားမီက မောင် တောနယ်စပ်ဒေသ၌ လျှပ်စစ်မီး ဖြန့်ဝေပေးချိန်မှာ ညနေ ၆ နာရီခွဲ မှ ည ၁၁ နာရီထိသာ ဖြစ်သည်။ မောင်ကံ

No comments:

Post a Comment