Thursday, November 24, 2016

ပစ်ခတ်သံကဲ့သို့ အသံများကြားရ၍ မူဆယ်မြို့ခံများ ထိတ်လန့်

မူဆယ်မြို့တွင် ယနေ့(နိုဝင်ဘာလ ၂၃)ည ၇နာရီ ၄၅မိနစ်ခန့်က ပစ်ခတ်သံကဲ့သို့ ၁၅မိနစ်ခန့် ကြားရ၍ ဒေသခံများ ထိတ်လန့်ခဲ့ကြသည်။မူဆယ်မြို့မ ရဲစခန်းမှူးက ယင်းအသံများမှာ တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ တရုတ်နိုင်ငံ ရွှေလီဖက်မှ ပွဲတစ်ခုခု ရှိ၍ ဗျောက်အိုးဖော်ခြင်းဖြစ်ကာ ဒေသခံများ မစိုးရိမ်ကြရန် သတိပေးသည်။ အသံမှာ အလွန်ကျယ်ပြီး ၁၅ မိနစ်ခန့်ဆက်တိုက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။မြို့ထဲတွင် သွားလာနေသူများဖြင့် စည်ကားနေရာမှ ရုတ်တရက် တိတ်ဆိတ်သွားသည်။ နိုဝင်ဘာလ ၂၂ရကိနေ့လည်က ထွက်ပေါ်ခဲ့သော ကေလာဟလများကြောင့်မူဆယ်မြို့ခံအချို့ တရုတ်နိုင်ငံဖက်ခြမ်းတွင် သွားရောက်ရှောင်တိမ်း၍အုပ်ချုပ်ရေးအဖွဲ့က ကောလာဟလများမယုံကြည်ရန်၊ နေအိမ်များကိုစွန့်ခွာမသွားရန်နှင့် မြို့လုံခြုံရေးအထူးဆောင်ရွက်နေကြောင်း အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာနသည်။ ဗျောက်အိုးဖောက်သံ မကြားခင်အချိန်အထိ ပုံမှန်အတိုင်းသွားလာနေပြီး ဈေဆိုင်များလည်း ဖွင့်ထားသည်ကို တွေ့ရသည်။ နေအိမ်ကို ပိတ်ကာ အိမ်ရှင်များရှောင်တိမ်းနေသည့်အိမ်အချို့ ဖောက်ထွင်းခံရမှုများ ဖြစ်ပွားနေဟု မူဆယ်မြို့သို့ ရောက်ရှိနေသည့် 7Day သတင်းထောက်က သတင်းပေးပို့သည်။

No comments:

Post a Comment