Friday, November 18, 2016

ပီရူးတွင် အမေရိကန်ဒေါ်လာအတု သန်း ၃၀ ဖိုး သိမ်းဆည်းရမိ

အမေရိကန်နဲ့ ပီရူး ထောက်လှမ်းရေးတွေက အမေရိကန်ဒေါ်လာ သန်း ၃၀ ဖိုးရှိတဲ့ ဒေါ်လာငွေစက္ကူအတုတွေကို သိမ်းဆည်းရမိတယ်လို့ နိုဝင်ဘာ ၁၇ ရက်က ပြောပါတယ်။ ဒါဟာ အမေရိကန် ထောက်လှမ်းရေးသမိုင်းမှာ ငွေစက္ကူအတုတွေကို အကြီးဆုံး ဖမ်းမိတာလို့လည်း ပြောပါတယ်။ ပီရူးနိုင်ငံ၊ လီမာမြို့မှာ နိုဝင်ဘာ ၁၅ ရက်နေ့က ရှာဖွေဖမ်းဆီးဝရမ်းထုတ်အပြီး ထောက်လှမ်းရေးတွေနဲ့ ပီရူးရဲ အယောက် ၁၅၀၀ ကျော်က ရှာဖွေဖမ်းဆီးခဲ့တာလို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဆည်းဆာစစ်ဆင်ရေးလို့ ခေါ်တဲ့ စီးနင်းမှုတွေအတွင်း လူ ၄၈ ဦးကို ဖမ်းမိခဲ့ပြီး ယူရိုငွေစက္ကူအတု ၅ သောင်းဖိုးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ပီရူးဟာ အမေရိကန်ဒေါ်လာ အတုတွေကို ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်ဖြန့်ချိတဲ့ နိုင်ငံပါ။ေ ငွစက္ကူ အတုထုတ်စက်ရုံ ၆ ခုကို ပိတ်ခဲ့ပြီး ပုံနှိပ်စက် ၈ လုံးကိုလည်း သိမ်းမိခဲ့တယ်လို့ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။ ဒီအဖွဲ့ဟာ အမေရိကန်သမ္မတနဲ့ နိုင်ငံခြား ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို ကာကွယ်လို့ လူသိများခဲ့တာဖြစ်ပေမယ့် ကနဦးတည်ထောင်ချိန်က ငွေစက္ကူအတုတွေကို နှိမ်နင်းဖို့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment