Sunday, November 27, 2016

ပြင်ဦးလွင်တွင် နှစ်ရှည်သီးနှံစိုက်ပျိုးရန် မြေယာငှားရမ်းပြီး အကွက်ရိုက်ရောင်းစားသူများကို အရေးယူမည်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း အစိုးရ ပိုင် မြေလွတ်မြေရိုင်းနှင့် သစ် တောမြေများကို နှစ်ရှည်သီးနှံစိုက် ပျိုးလုပ်ကိုင်ရန်ဟုဆိုကာ ငှားရမ်း ပြီး စိုက်ပျိုးရေးမလုပ်ဘဲ အကွက် ရိုက်ရောင်းစားနေသည့် စီးပွား ရေးလုပ်ငန်းရှင်များကို အရေးယူ မည်ဖြစ်ကြောင်း တိုင်းအစိုးရအ ဖွဲ့မှ သတင်းရရှိသည်။ြ ပင်ဦးလွင်မြို့နယ်အတွင်း မြေလွတ်မြေရိုင်း ဧကငါးသောင်း ခန့်နှင့် ဧကသောင်းချီသော သစ် တောမြေများကို နှစ်ရှည်သီးနှံပင် များ စိုက်ပျိုးလုပ်ကိုင်ရန်ဟုဆို ကာ ပြီးခဲ့သည့် အစိုးရသက်တမ်း အတွင်း ပုဂ္ဂလိကလုပ်ငန်းရှင်များ ကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် ငှားရမ်းလုပ်ကိုင် ခွင့်ပြုထားသည့် မြေယာများထဲမှ အများစုမှာ မည်သည့်စိုက်ပျိုးရေး လုပ်ငန်းမျှ လုပ်ကိုင်ခြင်းမရှိဘဲ စီးပွားရေးလုပ်ငန်းရှင်အချို့က အကွက်ရိုက်ရောင်းစားမှုများရှိနေ သည့်အတွက် အစိုးရအဖွဲ့က အရေးယူရန် စီစဉ်ခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။ ‘‘မြေငှားရမ်းစဉ်ကတည်းက နှစ်ရှည်သီးနှံစိုက်ပျိုးဖို့ ဖြစ်ပါ တယ်။ တချို့က မြေယူထားပြီး ဘာမှမလုပ်ဘူး။ တချို့က လုပ် ငန်းလုပ်တယ်။ တချို့ကတော့ အကွက်ရိုက်ရောင်းတာတွေရှိ တယ်။ မေလကစပြီး ပြန်စိစစ်နေ ပါတယ်။ ဥပဒေအရ အရေးယူ မှာ ဖြစ်ပါတယ်’’ဟု ဝန်ကြီးဒေါက် တာစိုးသန်းက ဆိုသည်။



သစ်တောမြေများကို ကော် ဖီ၊ ပိုးဇာနှင့် နှစ်ရှည်ပင်စိုက်ခင်း များ ဆောင်ရွက်ရန် အကြောင်းပြ ချက်ဖြင့် ပုဂ္ဂလိကသို့ ဧကများစွာ ချထားပေးခဲ့ပြီး သီးနှံစိုက်ပျိုးခြင်း မရှိဘဲ ဥပဒေမဲ့အကွက်ရိုက် ရောင်းချခြင်း၊ လွှဲပြောင်းရောင်းချ ခြင်းများကို ထိရောက်စွာ အရေး ယူဆောင်ရွက်ရန် တိုက်တွန်း ကြောင်းအဆိုကို စက်တင်ဘာက ကျင်းပခဲ့သည့် မန္တလေးတိုင်း ဒေသကြီး လွှတ်တော်အစည်းအ ဝေးတွင် ပြင်ဦးလွင်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးအောင်မင်းက တင် သွင်းခဲ့သည်။

လက်ရှိတွင် မြေလွတ်မြေ ရိုင်းများ ချထားပေးမှုများကို ပြန် လည်စိစစ်ပြီးဖြစ်ကာ သစ်တော မြေချထားပေးခဲ့မှုများကို စိစစ်နေ ဆဲဖြစ်သည်ဟု လွှတ်တော်ကိုယ် စားလှယ် ဦးအောင်မင်းက ပြော သည်။

‘‘ကျွန်တော်တို့ ပြန်လည် စိစစ်တဲ့အချိန်မှာ ၅၀ ရာခိုင်နှုန်း လောက်က ဥပဒေနဲ့မညီဘဲ လုပ် နေတာ တွေ့ရပါတယ်။ နှစ်ရှည် သီးနှံစိုက်ပျိုးဖို့ဆိုပြီး ငှားရမ်းရယူ ထားပေးမယ့် ဘာသီးနှံမှ မစိုက် ပျိုးတာ၊ အကွက်ရိုက်ပြီး လက်လွှဲ ရောင်းချထားတာတွေ တွေ့ရပါ တယ်’’ဟု ဦးအောင်မင်းက ပြော သည်။ထိုသို့ မြေယာများ ငှားရမ်း ပြီး ဥပဒေနှင့်မညီဘဲ လုပ်ဆောင် နေသူများကို အရေးယူမည်ဟု ဒေါက်တာစိုးသန်းက ပြောသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း မြေဧရိယာ ဧကငါးသိန်းခန့်ရှိပြီး မြို့နယ်မြေဧရိယာ၏ ၄၇ ရာခိုင်နှုန်းကျော်ဖြစ်သော ဧကနှစ်သိန်း ကျော်မှာ သစ်တောမြေများဖြစ် သည်။ ထို့အပြင် မြေလွတ်မြေရိုင်း များလည်း ဧကများစွာရှိသည်။ ပြီးခဲ့သည့် အစိုးရသက်တမ်းအ တွင်း ပြင်ဦးလွင်မြို့နယ်အတွင်း ရှိ သစ်တောမြေများတွင် သစ်မာ၊ကော်ဖီ၊ အစုအဖွဲ့ပိုင်စိုက်ခင်း၊ စိုက်ပျိုးရေးလုပ်ကိုင်ရန် ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုထားသော မြေ ဧကငါးသောင်းကျော်ရှိခဲ့သည်။ မောင်တာ

No comments:

Post a Comment