Friday, November 18, 2016

အငှားယာဉ်တစ်စီး လမ်းဘေးတွင် ရပ်ထားသည့်ယာဉ်အား တိုက်မိပြီး ဓာတ်တိုင်အား ထပ်မံဝင်တိုက်မှုဖြစ်ပွား

ယနေ့ (နိုဝင်ဘာ ၁၇ ရက်) ည ၁၀ နာရီ ဝန်းကျင်ခန့်က ရန်ကုန်မြို့၊ သုဝဏ္ဏ၊ ကမာကြည်လမ်းမ ရွှေဝါဆန်မြေ နာရေးကူညီမှု အသင်းရှေ့တွင် အငှားယာဉ်တစ်စီးမှာ လမ်းဘေးတွင် ရပ်ထားသည့် ယာဉ်တစ်စီးအား ဝင်တိုက်မိရာမှတစ်ဆင့် လမ်းဘေးဓာတ်တိုင်အား ထပ်မံဝင်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် အငှားယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ပတ်ဝန်းကျင်မှ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် အနီးရှိ နေရာအချို့တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။  သီဟ၊ နေဝန်းထက်

No comments:

Post a Comment