Wednesday, November 23, 2016

တောင်ကြီးစည်ပင်ကော်မတီကို ငါးလကျော်ချိန်အထိ ပြန်လည်ရွေးချယ်ခြင်းမရှိသေး

 တောင်ကြီးမြို့ ဒေသခံများ ဝိုင်းဝန်းကန့်ကွက်ခံ ထားရသည့် တောင်ကြီးမြို့နယ်စည်ပင်သာယာရေး ကော်မတီရွေးချယ်ပွဲကိုငါးလကျော်ကြာချိန်အ ထိ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့ အစည်းက ပြန်လည်ရွေးချယ်ပေး ခြင်းမရှိသေးကြောင်း သိရသည်။ေ တာင်ကြီးမြို့နယ် စည်ပင် သာယာရေးကော်မတီ ရွေးချယ်ပွဲ ကို ဇူလိုင် ၃၀ ရက်က ကျင်းပပြီး ဒေသခံပြည်သူ့ဆန္ဒ မပါရှိ၍ ဥပဒေနှင့် မညီညွတ်ဟုဆိုကာ တောင် ကြီးဒေသခံ ၆၀၀ ကျော်က လက်မှတ်ရေးထိုး ကန့်ကွက်ထားခြင်း ဖြစ်သည်။ ‘‘ကျွန်တော်တို့ ကန့်ကွက် ထားတာ ငါးလကျော်လာပြီ။ ပြည်နယ်အစိုးရနဲ့ စည်ပင်ညွှန်မှူးက လည်း ပြန်လည်ရွေးချယ်ပေးမယ်လို့ အဲဒီတုန်းက ကတိပေးထားတယ်။ အခုထိ ရွေးချယ်ပေးခြင်း မရှိသေးလို့ သွားမေးတော့ အောက်ကနေ မတင်ပြသေးဘူး။ မြို့နယ်ကိုသာ မေးမြန်းဖို့ ပြန် လည်ပြောဆိုလာတယ်’’ဟု ကန့် ကွက်သူများထဲမှ တစ်ဦးဖြစ်သည့် ဦးဝင်းနိုင်စိုးက ပြောသည်။



အသစ်ပြန်လည်ရွေးချယ် မည့် စည်ပင်သာယာရေးကော် မတီ ရွေးချယ်ပွဲကို စည်ပင်သာ ယာရေးဥပဒေနှင့်အညီ ပွင့်လင်း မြင်သာစွာဖြင့် ပြည်သူအများ၏ ဆန္ဒအရ ပြန်လည်ရွေးချယ်ပေး စေလိုသည်ဟု ကန့်ကွက်ထား သည့် ဒေသခံများက ဆိုသည်။

တောင်ကြီးမြို့နယ် စည်ပင် သာယာရေးကော်မတီကို အများ ဆန္ဒမပါဘဲ မြို့နယ်ထွေအုပ်က ဦးဆောင်ကျင်းပခဲ့၍ ဒေသခံများ၏ ဆန္ဒနှင့်အညီ ပြန်လည်ရွေးချယ်ပေးမည်ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က တောင်ကြီးဒေသခံများနှင့်ယခုနှစ် ဩဂုတ်တွင်း တွေ့ဆုံစဉ်ကတိပေး ပြောကြားထားသည်။

‘‘ပြန်လည်ရွေးချယ်မယ်ဆို တာတော့ ကျွန်တော်တို့ရုံးကို စာ မဝင်သေးပါဘူး။ အကြောင်းကြားစာလည်းမရတော့ ဘာမှ မသိရ သေးပါဘူး။ ရုံးစာနဲ့ တရားဝင် ရောက်လာမှသာ ကျွန်တော်တို့ ဘက်က ပြန်လည်ဆောင်ရွက်နိုင် မှာပါ’’ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ကြီးမြို့နယ် စည်ပင် သာယာရေးကော်မတီတွင် အရပ် သားလေးဦး၊ တတ်သိကျွမ်းကျင် ပညာရှင်တစ်ဦးနှင့် အစိုးရဌာန ဆိုင်ရာသုံးဦး စုစုပေါင်း ရှစ်ဦးဖြင့် ဖွဲ့စည်းထားပြီး မဲအများဆုံးရရှိမည့် အရပ်သားပြည်သူက မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သည်။

No comments:

Post a Comment