Friday, November 25, 2016

ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ကြာရှည်မသုံးသင့်တဲ့ ပစ္စည်းတွေ

ကိုယ့်အိမ်မှာရှိနေတဲ့ ကိုယ်နဲ့အနီးဆုံးပစ္စည်းတချို့ကို ကြာရှည်သုံးမယ် ဆိုရင် ကျန်းမာရေးထိခိုက်စေနိုင်တယ်ဆိုတာ သိထားရအောင် မျှဝေ ပေးလိုက်ပါတယ်။ ပလတ်စတစ်ပုလင်းနဲ့ဘူးများ - ပလတ်စတစ်ဘူးတွေ၊ ပုလင်း တွေထုတ်ရာမှာ သုံးတဲ့ ဓာတု ပစ္စည်းက ရင်သားကင်ဆာ၊ ပရော့စတိတ်နဲ့ သိုင်းရွိုက်ကင် ဆာ ဖြစ်ပွားနိုင်တဲ့အတွက် အ ကြာကြီး  စွဲသုံးတာမျိုးမလုပ်ဘဲ လွှင့်ပစ်ဖို့လိုပါတယ်။ ပိုးသတ်ဆပ်ပြာနဲ့ ဆပ်ပြာမှုန့် တွေ - ပိုးသတ်ဆပ်ပြာတွေနဲ့ ဆပ်ပြာမှုန့်တချို့မှာ ဓာတုပစ္စည်း တွေ၊ ချွတ်ဆေး စတာတွေပါတာ ကြောင့် ကျန်းမာရေးအတွက် ဆိုး ကျိုးပေးနိုင်တယ်လို့ ဆိုပါတယ်။ေ မွှးရနံ့ဖျန်းဆေး - ဖျန်းဆေးတွေ သုံးတာကနေ ကင်ဆာနဲ့ တခြား ကျန်းမာရေးပြဿနာတွေ ကြုံရ နိုင်တာမို့ တစ်ချိန်လုံး သုံးစွဲနေ တာတွေကို ရပ်တန့်ဖို လိုအပ်လာ ပါပြီ။



ပန်းကန်ဆေးဖော့တုံး - ပန်းကန် တွေဆေးလိုက်၊ ဘေစင်တွေဆေး လိုက်နဲ့ အချိန်တိုင်းသုံးစွဲနေတာမို့ အန္တရာယ်ရှိ ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ ကပ်ငြိနေတာမို့ နှစ်ပတ်တစ်ကြိမ်လောက်ဖြစ်ဖြစ် အသစ်လဲသုံးတာမျိုး လုပ်သင့်ပါ တယ်။

အပူခံဒယ်အိုးအဟောင်းများ - အပူခံဒယ်အိုးတွေမှာပါတဲ့ အပူခံ ပြီး မကပ်တဲ့ပလတ်စတစ်တစ်မျိုး (တက်ဖလွန်)တွေ ကွာနေတဲ့ ဒယ်အိုးတွေဆိုရင် သုံးဖို့မသင့် တော့ပါဘူး။

မသန့်ရှင်းတဲ့ မျက်ကပ်မှန်ဘူးများ  - မျက်ကပ်မှန်တွေကို သန့်သန့် ရှင်းရှင်း ထားရှိသုံးစွဲဖို့လိုတာ ကြောင့် ညစ်ပတ်နေတဲ့ ဘူးတွေ နဲ့ မျက်ကပ်မှန်ထည့်တာမျိုး ရှောင်ရပါမယ်။

သက်တမ်းကုန်အလှကုန်များ - သက်တမ်းကုန်နေပေမယ့် အလှ ကုန်တွေအများကြီး ကျန်နေသေး လို့ ဆက်သုံးတာမျိုးကနေ အရေ ပြားနဲ့ ခန္ဓာကိုယ်တွင်း ဟော်မုန်း ဓာတ်တွေကို ဒုက္ခပေးနိုင်တာ ကြောင့်   ကိုယ်အသုံးလို သလောက် ဝယ်တာမျိုးတို့၊ သက် တမ်းရက် ဝေးဝေးကို ရွေးဝယ် တာတို့ လုပ်ဖို့လိုပါတယ်။

သွားပွတ်တံအဟောင်းများ - သွားပွတ်တံတွေကို ကြွပ်ဆတ် ပြီး ကျဲသွားတဲ့အထိ သုံးတာမျိုး ရှောင်ဖို့လိုပါတယ်။ ခံတွင်းကို သေချာသန့်စင်မှု မပေးနိုင်သလို သွားတွေ ပျက်စီးစေပြီး ခံတွင်း ကျန်းမာရေးပါ ထိခိုက်နိုင်လို့ပါ။

ပျက်စီးနေတဲ့ အားကစားဖိနပ်များ - အားကစားလုပ်၊ အကြမ်းသုံး တာပဲဆိုပြီး ဖိနပ်တွေပျက်စီးနေ ပေမယ့်လည်း ဆက်သုံးတာမျိုး ဟာ ခြေထောက်ကြွက်သား၊ အရိုးနဲ့ အရွတ်တွေကို ဒုက္ခပေးနိုင် တာကြောင့် သုံးလ (ဒါမှမဟုတ်) ခြောက်လလောက်ပဲ သုံးပြီး အသစ်လဲလှယ်တာမျိုး လုပ်သင့် ပါတယ်။

အမျိုးသမီးအတွင်းခံအဟောင်း များ - အမျိုးသမီးတွေအနေနဲ့ အတွင်းခံကို ခြောက်လတစ်ကြိမ် လောက် ဝယ်ဖို့လိုပါတယ်။ ရင် သားတင်းရင်းအောင် မထိန်းထား နိုင်သလို လည်ပင်းနဲ့ကျောကို နာကျင်တာမျိုးတွေလည်း ဖြစ်စေ နိုင်တယ်လို့ ဆိုပါတယ်။

—Ref: tophomeremedies

No comments:

Post a Comment