Sunday, November 20, 2016

ဂျူဗင်တပ်ဆယ်ကျော်သက်ကစားသမား ကိန်း စီးရီးအေတွင် သမိုင်းမှတ်တမ်းတစ်ခုရရှိ


ဂျူဗင်တပ်ဆယ်ကျော်သက်ကစားသမား မွိုက်စ်ကိန်းသည် စီးရီးအေတွင်ကစားခွင့်ရသည့် ပထမဆုံး ၂၀၀၀ ခုနှစ်ဖွား ကစားသမားဖြစ်လာခဲ့သည်။ စနေနေ့က ပက်စ်ကာရာကို အိမ်ကွင်း၌ ၃-၀ ဖြင့်နိုင်ပြီး ဂျူဗင်တပ်အသင်းအမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့သော ပွဲတွင် အသက် ၁၆ နှစ်အရွယ်ကစားသမားသည် အရန်ခုံမှ လူစားဝင်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။ြေ ခာက်မိနစ်သာ ကစားခဲ့ရသော်လည်း ကိန်းမှာ အီတလီစီးရီးအေပြိုင်ပွဲတွင် ပထမဆုံးကစားခွင့်ရရှိသည့် ၂၀၀၀ ခုနှစ်ဖွား ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ခြင်းဖြစ်သည်။ ယင်းအီတလီကစားသမားသည် အယ်လီဂရီ၏ ဂျူဗင်တပ်အသင်းတွင် ယခင်က စီးရီးအေပွဲ ငါးပွဲ အရန်ကစားသမားအဖြစ် ပါဝင်ခဲ့သော်လည်း အသုံးပြုခြင်းမခံခဲ့ရဘဲ ပက်စ်ကာရာနှင့်ပွဲတွင်မှ ကစားခွင့်ရကာ မှတ်တမ်းတစ်ခုပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ဝေဘုန်းလူRef; goal.com

No comments:

Post a Comment