Saturday, November 26, 2016

မူဆယ်-လားရှိုး လမ်းတွင် ကားလေးစီး မီးရှို့ဖျက်ဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမကြီးတွင် နိုဝင်ဘာ ၂၅ ရက်က ခရီးသည်တင်ယာဉ်တစ် စီးအပါအ၀င် အရပ်သားယာဉ် လေးစီး မီးရှို့ဖျက်ဆီးခံရကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက် နှင့် မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။ နိုဝင်ဘာ ၂၅ ရက် နေ့လယ် တွင် ကွတ်ခိုင်မြို့ မြောက်ဘက် ၁၃ မိုင်ခန့်အကွာ အထက် နမ့် ဖတ်လွန်းကျေးရွာအနီး KIA/ TNLA လက်နက်ကိုင် ပူးပေါင်း တပ်ဖွဲ့များက ပြည်ထောင်စုလမ်း မကြီးပေါ်၌ သွားလာနေသည့် ယာဉ်ကြီး၊ ယာဉ်ငယ်များကို တား ဆီးကာ ၂၂ ဘီးယာဉ်နှစ်စီးနှင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး တို့ကို ခေါင်းချင်းဆိုင်၍ မီးရှို့ဖျက် ဆီးခဲ့ကြောင်း အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။ ‘‘ကားတွေကိုတားပြီး လမ်း ကို ကန့်လန့်ရပ်ခိုင်းတယ်။ ပြီး တော့ ဗုံးနဲ့ခွဲတာ။ အတော်ဆိုး တယ်။ ကျွန်တော်တို့ မြင်နေရ တယ်။ ခရီးသည်တွေ ကြောက်နေ ကြတာ ရစရာမရှိဘူး’’ဟု မျက် မြင်တွေ့ရှိသူအမျိုးသားတစ်ဦးက ပြောသည်။




 အလားတူ ကွတ်ခိုင်မြို့ မြောက်ဘက် ၁၆ မိုင်ခန့်ကွာ မန် လွယ်ရွာအနီး အဆိုပါလက်နက် ကိုင်ပူးပေါင်းတပ်ဖွဲ့များကပင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေသည့် ယာဉ်များကို နှောင့်ယှက်တားဆီးပြီး ပရာဒို ယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီးခဲ့ ကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် အစိုးရက သတင်းထုတ်ပြန်သည်။

ယင်းနေရာကို တပ်မတော် စစ်ကြောင်းက လိုက်၍ ရှင်းလင်း စဉ် တောအတွင်း ၀င်ပြေးသွားခဲ့ သောကြောင့် ကားများ ဖြတ်သန်း ခွင့်ရခဲ့ကြောင်း သတင်းရရှိသည်။

‘‘အမှန်ကတော့ မလုပ်သင့် ဘူး။ လမ်းကြောင်းမှာ အပြစ်မဲ့ ပြည်သူတွေ သွားလာလှုပ်ရှားနေ တာ။ ဘယ်သူ့မှလည်း ဒုက္ခပေး တာမဟုတ်ဘူး။ ပြည်သူတွေမှာ မိသားစုတွေရှိတယ်။ ဒီလိုဆုံးရှုံး သွားတာက နိုင်ငံ့ဘဏ္ဍာဆုံးရှုံး တာပဲလေ။ တချို့ဆိုရင် ကား မောင်းတဲ့လူတွေ ဘ၀တောင် ပျက်သွားနိုင်တဲ့ အနေအထားမျိုး။ မိသားစုတွေကို ထိခိုက်မှာပဲလေ’’ ဟု မူဆယ်ခရိုင်အထွေထွေအုပ် ချုပ်ရေးမှူးဦးဇော်မင်းက ပြောသည်။

ယာဉ်များကို မီးရှို့ဖျက်ဆီး သည့်ဖြစ်စဉ်တွင် အရပ်သား ထိ ခိုက်ဒဏ်ရာရမှုမရှိကြောင်း ရှမ်း ပြည်နယ် ဒုတိယပြည်နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

No comments:

Post a Comment