Friday, November 25, 2016

အများပြည်သူနှင့်ဆိုင်သောနေရာများကို လုံခြုံရေးတိုးမြှင့်သင့်

နေ့လယ် ၁ နာရီ၊ မိနစ် ၅၀ခန့်အချိန်တွင် တောင် ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် ၊ ပြည်ထောင် စုလမ်းဘေးရှိ၊ လ၀ကရုံး၌ ပေါက် ကွဲမှုလေးကြိမ်ဖြစ်ပေါ်ခဲ့ သည်ကိုတွေ့ရသည် ။ ပေါက်ကွဲသည့်နေရာများ မှာလ၀ကရုံးပထမ ထပ်၊ ဟောခန်း အနောက် သန့်စင်ခန်းအိမ်သာ အတွင်း နှစ်မိနစ်ခြား သုံးကြိမ်၊ သန့်စင်ခန်းအပြင်ဘက်ရှိ အမှိုက်ပုံး အနက်ရောင် အောက်တွင် တစ်ကြိမ်၊ အသေးစားပေါက်ကွဲ မှုဖြစ်ခဲ့သည် ဟု တောင်ဒဂုံ ပြန်^ဆက်က သတင်းထုတ်ပြန်ထားသည်။ နိုဝင်ဘာ၂၀ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် တွင်ဖွင့်လှစ်ထား သည့် Capital Hyper market တွင် အသေးစားပေါက် ကွဲမှုလေးကြိမ်ဖြစ်ပွား ခဲ့သည်ကိုတွေ့ရသည်။ နိုဝင်ဘာ ၂၀ ရက် ညနေ ၅နာရီ ခန့်က Capital Hypermarket အပေါ်ထပ်ပလတ်စတစ်တန်းတွင် တစ်ကြိမ်၊ ကားအင်ဂျင်ဝိုင်တန်းတွင် နှစ်ကြိမ်၊ လိုင်း ၄ မုန့်တန်းတွင်တစ်ကြိမ် စုစုပေါင်း လေးကြိမ်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ယင်းပေါက်ကွဲမှုမှာ M-150 အချိုရည် ပုလင်းထဲဒီဇယ်ထည့်ပြီး၊ ပုလင်းထဲ သို့ပ လတ်စတစ်ပိုက်ထည့်၍ ဆာလဖျူရစ် အက်စစ်ပြင်း ထည့် လျက် ဘေး တွင်မီးခြစ် ဆံယမ်း ကို ပလတ်စတစ်နှင့်ကပ် ချည်ထား ပြီး ဖောက် ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေါပုံ Capital Hyper Market ပေါက် ကွဲမှုနှင့်ပတ်သက်၍ သံသယရှိသူ အချို့ကို စီစီတီဗွီမှတ်တမ်း မှတစ်ဆင့်တွေ့ရှိထားသည်ဟုလည်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးကပြောကြားခဲ့ သည်ကိုလည်း တွေ့ရသည်။
နိုဝင်ဘာ၂၄ရက်ဆိုတော့ ဒေါပုံ Capital Hyper market တွင် ပေါက် ကွဲမှုဖြစ်
သည့်နေ့ နှင့် လေးရက် အကြာတွင် တောင် ဒဂုံလ၀ကရုံးအတွင်း ထပ်မံပေါက်ကွဲမှုဖြစ် ပွားခြင်း ဖြစ် သည်ကို တွေ့ရသည်။ ထိုလေးရက်အတွင်း သံသယတရားခံများကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းမရှိသေးပေ။ သို့မဟုတ် ဖမ်းမိသည်ဟု သတင်းထုတ်ပြန်ထားသည်ကို မတွေ့ရသေးချေ။
ယခုအကြိမ်သည်အစိုးရရုံးအတွင်းပေါက်ကွဲခြင်း ဖြစ်သည်ဆိုတော့ ထိုဖောက် ခွဲ ရေးသမားများသည် ရန်ကုန်တိုင်းဒေသကြီး၏ လုံခြုံရေးအားနည်းချက်ကို အတွင်းကျကျသိရှိထားသူများဖြစ်နေသည်ဟု ယူဆရမလိုဖြစ်နေသည်။
တစ်နည်းအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများကို စိန်ခေါ်ပြက်ရယ်ပြုလိုက် သည့်နှယ်ရှိနေသည် ကို တွေ့ရသည်။
တစ်ဖန်ယခုကဲ့သို့သောဖြစ်ရပ်များကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းနေ ထိုင်ကြ သည့်ပြည်သူလူထု၏လုံခြုံမှုသည် မလုံခြုံ သည့် အနေအထား သို့ကျရောက် ရှိနေပြီ လားဟု ယူဆစရာဖြစ်လာနေသည်ကိုတွေ့ရသည်။
တစ်ဖန် ယခုလိုဖောက်ခွဲမှု တရားခံများကို မြန်မြန်ထက်ထက် ရှာဖွေဖော် ထုတ် မဖမ်း ဆီးနိုင်ခြင်းကြောင့် တစ်ကြိမ်ထက် ပို၍ဖြစ်ပေါ်နေခြင်းဖြစ် သည် ကိုတွေ့ ရ သည်။ သို့ဖြစ်ရာအများပြည်သူနှင့်ဆိုင်သော ဈေးဝယ်စင်တာများ၊ ဘူတာရုံနှင့် ကားဂိတ်များ ၊ ဖျော်ဖြေပွဲ များ၊ ဆေးရုံနှင့်ကျောင်း များ၏လုံခြုံရေး ကို အဆင့် တိုးမြှင့်ကာ အရေးတကြီး ထားလျက် ကာကွယ်မှုပေးနိုင်ရန် လိုအပ်လှပါ ကြောင်း ဒီမိုကရေစီတူဒေး က သုံးသပ်ဖော်ပြအပ်ပေသည်။

No comments:

Post a Comment