Tuesday, November 29, 2016

အိုဟိုင်းယိုးပြည်နယ်တွင် လူအုပ်ထဲသို့ ကားဖြင့်ဝင်ရောက်လာပြီး ဓါးဖြင့်ဝှေ့ယမ်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦးဒဏ်ရာရရှိ

တနင်္လာနေ့တွင် အိုဟိုင်းယိုပြည်နယ်တက္ကသိုလ်ရှိ လမ်းသွားလမ်းလာများရှိသော လူအုပ်ထဲသို့ ကားဖြင့်ဝင်တိုက်ပြီး ဓါးဖြင့်ဝှေ့ယမ်းတိုက်ခိုက်ခဲ့သူမှာ အဘူရာဇက် အလီအာတန်အမည်ရှိ ကျောင်းသားတစ်ဦး ဖြစ်ကြောင်း ရဲများကဆိုသည်။ တက္ကသိုလ်မှ ရဲအကြီးအကဲ ကရတ် စတုန်း က "သံသယရှိသူဟာ OSU ကျောင်းသားတစ်ယောက်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်" ဟု ရဲများက ပစ်ခတ်လိုက်သဖြင့် သေဆုံးသွားသော သံသယရှိသူ၏အမည်ကို သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။ တက္ကသိုလ်မှ ပြည်သူ့လုံခြုံရေး ညွှန်ကြားရေးမှူး မိုနီကာ မိုးလ်က "ဒီအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းအချက်အလက်ကျွန်မတို့ မရရှိသေးပါဘူး" ဟုပြောကြားခဲ့သည်။ အမေရိကန်မီဒီယာများ၏ အဆိုအရ တိုက်ခိုက်သူသည် ဆိုမာလီလေသံဖြင့် ပြောဆိုခဲ့သည်ဟုဆိုသော်လည်း တာဝန်ရှိသူများက အတည်ပြုခဲ့ခြင်းမရှိဘဲ အသက်အရွယ်ကိုလည်း အတည်မပြုနိုင်ခဲ့ပေ။ သို့သော် ၁၉၉၈ ခုနှစ်တွင် မွေးဖွာခဲ့သူဟု ယူဆရသည်။ တိုက်ခိုက်မှုကြောင့် ကနဦးတွင် ၉ ဦးသာ ဒဏ်ရာရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ၁၁ ဦးဖြစ်သည်ဟု အတည်ပြုခဲ့သည်။
Ref:AFP

No comments:

Post a Comment