Monday, November 28, 2016

ငလျင်သင့်ပုဂံဘုရားများ ပြုပြင်ရန် ပညာရှင်အသီးသီးထံမှ အကြံပြုချက်ရယူမည်

ငလျင်ဒဏ် ကြောင့်ပျက်စီးခဲ့သည့် ရှေးဟောင်း သမိုင်းဝင်ပုဂံဘုရားများကို ပြန်လည် ပြုပြင်ရန် ပညာရှင် များထံမှ အကြံပြု ချက်များ ရယူမည့်အစည်းအဝေးကို ပုဂံဒေသရှိရှေးဟောင်း သုတေသနပြ တိုက်၌ ဒီဇင်ဘာလဆန်းပိုင်း တွင် ပြုလုပ်သွားရန်ရှိကြောင်း ပုဂံဒေသရှိ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနမှ သိရသည်။ သြဂုတ်လအတွင်းက ငလျင်လှုပ် ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ပုဂံရှိစေတီ၊ ပုထိုး များကိုပြုပြင်မှုမ လုပ်သေးဘဲ ပညာရှင်များ၏အကြံ ပြုချက် များ ကိုရယူပြီးမှသာ ပြုပြင် မည်ဖြစ်သောကြောင့် အစည်းအဝေး ပြုလုပ် ရခြင်းဖြစ်ကြောင်း သိရသည်။

"ဘုရားတွေ ပြင်ဖို့အတွက် ဘုရားတွေပြင်ရင် အင်္ဂါစုံပြန်မွမ်းမံ တဲ့အခါ ဘယ်လိုနည်းစနစ်နဲ့သွား မလဲဆိုတာပညာရှင်တွေနဲ့ အကြံပြု ချက်တွေရယူသွားမယ်။ နောင် လည်းငလျင်ကလှုပ်ဦးမှာပဲ၊ ရှေ့ဖြစ် စဉ်တွေကို ဒီသင်ခန်းစာတွေယူပြီး ထိခိုက်မှု နည်းအောင် ပညာရှင်တွေ ရဲ့အကြံÓဏ်တွေယူရမှာ။ အစည်း အဝေးကို ဒီဇင်ဘာပထမအပတ်ထဲ ၃ ရက်နေ့လောက်ဖြစ် မယ်ထင် တယ် " ဟု ပုဂံဒေသရှိ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးအောင် အောင်ကျော်က ပြောသည်။
အဆိုပါ အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဗိသုကာအသင်း၊ နည်းပညာတက္က သိုလ်များမှပါမောက္ခများ၊ ပညာရှင် များ၊ လက်ရှိတာဝန် ထမ်းဆောင် နေသည့် ဌာနဆိုင်ရာအကြီးအကဲ များ၊ သမိုင်းပညာရှင်များကို ဖိတ် ကြားကာ အကြံပြုချက်များ ရယူ မည်ဖြစ်ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် ထိခိုက်ခဲ့သည့် စေတီပုထိုး ၃၈၉ ဆူရှိကာ လက်ရှိအချိန်၌အရေးပေါ် ပြုပြင်ရန်လိုအပ် သည့် စေတီပုထိုး ပေါင်း ၇၂ ခုမှလွဲ၍ ကျန်စေတီများ ကို ပြုပြင်ခြင်းမရှိသေးကြောင်း သိ ရသည်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက် စီးခဲ့သည့်ပုဂံဘုရားမျာကို အဆင့် သုံး ဆင့်ဖြင့် ပြုပြင် ရမည်ဖြစ်ပြီး ပထမဦးစားပေးပြုပြင်ရ မည့် စေတီ ပုထိုးပေါင်း၃၆ဆူ၊ ဒုတိယဦးစား ပေး ၅၃ ဆူနှင့် တတိယဦးစားပေး အဆူ ၃၀၀ ရှိကြောင်း သိရသည်။
"အခုဝန်ကြီးက အကြီးစားနဲ့ အလတ်စားပျက်စီးသွားတဲ့ ပုဂံဘုရား တွေ ကို ပြည်တွင်း၊ ပြည်ပလှူဒါန်း ထားတဲ့ ရန်ပုံငွေတွေနဲ့ ပြုပြင် မယ်။ ပြည်သူ ပုဂ္ဂလိက ပြင်ခွင့်မပေးဘူးဆို တာ ပြောကြားသွားတာ အင်မတန် ကောင်းပါတယ်။ ကြိုဆိုပါတယ် " ဟု ပုဂံဒေသ ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ဦးဆောင်ကော် မတီဝင် ဦးဆန်းဝင်းက ပြောသည်။
လက်ရှိတွင် ပြည်တွင်း၊ ပြည်ပ မှအလှူရှင်များမှ လှူဒါန်းသည့်အလှူ ငွေပေါင်း သုံးဘီလီယံရရှိထားပြီး ပြုပြင် ရမည့် ကုန်ကျစရိတ်ကို ပညာရှင်များ ထံမှ အကြံပြုချက်များ ရယူပြီးမှသာ အသေးစိတ် တွက်ချက်ရမည်ဖြစ် ကြောင်း သိရသည်။
AMA(MMK)

No comments:

Post a Comment