Tuesday, November 22, 2016

အထွက်နှုန်း ကျဆင်းခဲ့ခြင်းကြောင့် ငရုတ်ဈေး ယခင်နှစ်ထက် မြင့်တက်နေ

ယခုနှစ်မိုး နှောင်းပိုင်းတွင် မိုးသည်းထန်စွာရွာ သွန်းခဲ့မှုကြောင့် ငရုတ်ခင်းများပျက် စီးခဲ့သည့်အတွက် အထွက်နှုန်းကျဆင်းခဲ့သည့်ငရုတ်များမှာ ယခင်နှစ်ထက်ဈေးပိုရလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ငရုတ်ပွဲရုံအချို့မှ သိရသည်။ လက်ရှိ မိုးထောင်ငရုတ်များကို ဝယ်ယူရာတွင် အရည်အသွေး ကောင်းမွန်သည့် ငရုတ်ခြောက်တစ် ပိဿာလျှင်ကျပ် ၂၈ဝဝ၊ ငရုတ် ခြောက်(အလတ်စ)တစ်ပိဿာလျှင် ကျပ်၂၄ဝဝ နှင့်ငရုတ်ခြောက် (အညံ့စား) တစ် ပိဿာလျှင်ကျပ် ၂ဝဝဝ ဖြင့် ငရုတ်ပွဲရုံများက တောင်သူများထံမှ ဝယ်ယူလျက်ရှိရာ ယခင်နှစ် ထက်တစ်ပိဿာလျှင် ကျပ် ၂ဝဝ မှ ကျပ် ၃ဝဝ နီးပါးမြင့်တက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ သာစည်မြို့နယ်မှ ငရုတ်တောင် သူတစ်ဦးက '' ဒီနှစ်က မိုးနှောင်းမှာ မိုး ကောင်းလို့ ငရုတ်ခင်းတွေရေဝင်ပြီး ပျက်လို့ မြို့ပေါ်ငရုတ်ပွဲရုံတွေ ဝယ်လိုအားကောင်းပြီး ဈေးရတာပါ''ဟု နိုဝင်ဘာ ၂ဝ ရက်ကဆိုသည်။

လက်ရှိ မိုးထောင်ငရုတ်အား မြို့ပေါ်ပွဲရုံများအနေဖြင့် တောင်သူများထံမှ တစ်ရက်လျှင် ငရုတ်ပိဿာချိန် ၂ဝဝ မှ ၃ဝဝ အထိ ဝယ်ယူမှုရှိနေကြောင်း တောင်သူများ၏ပြောကြားချက်အရ သိရသည်။ သာစည်မြို့ရှိ ချစ် ရတနာ ငရုတ်ပွဲရုံပိုင်ရှင် ဦးချစ်တင်က ''ဒီနှစ်မိုး ထောင်ငရုတ်က ကျေးရွာတွေမှာထင် သလောက်မထွက်ကြဘူး။ မိုးရွာသွန်းမှုများတဲ့အတွက် ငရုတ်ပင်တွေသေကုန်ကြတယ်။ ပွဲရုံတွေကတော့ တောင်သူတွေ မနစ် နာအောင် ညှိနှိုင်းဈေးနဲ့ဈေးကောင်းပေးပြီးဝယ်ယူကြတယ်။ ဝယ်ထားတဲ့ငရုတ်တွေကိုလက် ရွေးစဉ်ပြန်ရွေးပြီး မန္တလေးမြို့မှာရှိတဲ့ပွဲရုံတွေကိုကားနဲ့သုံးရက် တစ်ကြိမ်လောက်တင်ပို့ပေးရတယ်''ဟုဆိုသည်။
MG

No comments:

Post a Comment