Wednesday, November 30, 2016

သတ်ပြီး ရထားသံလမ်းပေါ်တွင် စွန့်ပစ်ခံခဲ့ရသည့် မိန်းကလေးငယ်၏ ရက်လည်ကို ပရဟိတ အဖွဲ့ကလုပ်ပေး

နိုဝင်ဘာ ၂၄ ရက် ညဦးပိုင်းက ကမာရွတ်မြို့ နယ် ဟံသာဝတီ ဘူတာနှင့် လှည်းတန်းဘူတာကြား နာနတ်တော မီးရထား ဂုံးကျော်တံတားအောက်ရှိ ရထားလမ်းပေါ်တွင် သတ်ပြီးစွန့်ပစ်ခံထားရသော သေဆုံးသူ မ၀င်းဝင်းအေး အားရည်စူးပြီး လှည်းတန်း ဂုံးတံတားအောက်တွင် ကလေးငယ်များအား စာသင်ပေးနေသည့် တွဲလက်များ ပရဟိတ ညီအစ်ကို မောင်နှမများအဖွဲ့ က ရက်လည် တရားနာဆွမ်းကပ်ခြင်းကို လှည်းတန်း ဂုံးတံတားအောက်တွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါ မိန်းကလေးငယ်အား သတ်သူဟု ရဲကသံသယရှိသူ ပြာဂလောင် (ခ) ကျော်ကြီး ကိုတော့ အခင်းဖြစ်ပြီး ၂၄ နာရီအတွင်းမှာဘဲ ဖမ်းဆီးနိုင်လိုက်ကြောင်း ရဲတပ်ဖွဲ့က တရားဝင် ထုတ်ပြန်ထားသည်။

No comments:

Post a Comment