Monday, November 21, 2016

အော်တစ်ဇင်ကလေးငယ်များနှင့်ပတ်သက်၍ အသိပညာ ပေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်

 အော်တစ်ဇင်ကလေး ငယ်များ၏  ပြဿနာများနှင့် ပတ်သက်၍ အသိပညာပေးမှုကို အစိုးရနှင့် ပုဂ္ဂလိက စာသင်ကျောင်း ၁၈ ကျောင်းအထိ တိုးမြှင့်ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း မြန်မာအော်တစ်ဇင်အသင်း (ရန်ကုန်)မှ သတင်း ရရှိသည်။ေ အ်ာတစ်ဇင်ကလေးငယ် များ နေ့စဉ်ကြုံတွေ့နေရသော ပေါင်းသင်းဆက်ဆံရေး၊ ပြောဆို ဆက်ဆံရေးနှင့် ဘာသာစကား အခက်အခဲများကို ၎င်းတို့၏ မိဘ နှင့် ဆရာများ နားလည်သိရှိကာ ယင်းကလေးများ၏ ပြဿနာများ ကို အသိအမှတ်ပြုလာနိုင်စေရန် အသိပညာပေးခြင်းဖြစ်ကြောင်း အဆိုပါအသင်း အမှုဆောင်  အဖွဲ့ဝင် ဦးနေမျိုးနိုင်ကပြောကြားသည်။ အဆိုပါကလေးများ၏ မိဘ နှင့် ဆရာများအား အသိပညာ ပေး ဟောပြောခြင်းကို ၂၀၁၄ ကစ၍ လုပ်ဆောင်ခဲ့ပြီး ယနေ့အထိ အစိုးရနှင့် ပုဂ္ဂလိက စာသင် ကျောင်း ၁၂ ကျောင်းအထိသာ ပြုလုပ်ထားနိုင်ကာ ၂၀၁၇ ၌ကျောင်း ၁၈ ကျောင်း ပြီးစီးနိုင်ရန် လုပ်ဆောင်မည်ဟု ၎င်းကပြော ကြားသည်။



‘‘အော်တစ်ဇင်ကလေးတစ် ယောက်က အပြာရောင်ပန်းကန် ကိုမကြိုက်ဘူး။  သူ့ကို ဘယ်အစားအစာမဆို အပြာရောင်ပန်းကန်နဲ့ ကျွေးလို့မရဘူး။ ဒီလိုအဖြစ်မျိုး ကျောင်းမှာကြုံရင် ဒီကလေး တအားဆိုးတယ်လို့ဆရာမတွေက ထင်ကြတယ်။ အော်တစ်ဇင်ကလေးတွေရဲ့ အမူအကျင့်ကိုသိရင် ကိုင်တွယ်ရတာ လွယ်လွယ်လေးပဲ’’ဟု ဦးနေမျိုးနိုင်က ဆိုသည်။

 ယင်းသို့ ပြင်ပတွင် အသိ ပညာပေးလုပ်ငန်းများ ဆောင် ရွက်ခြင်းကြောင့် ယခင်က ဖြစ် ပွားသော ဆရာနှင့် အော်တစ် ဇင် ကလေးငယ်များအကြား ပြ ဿနာဖြစ်ပွားမှုမှာ လျော့နည်းလာကြောင်း ၎င်းကပြောသည်။

အော်တစ်ဇင်ကလေးငယ် တစ်ဦး၏ မိခင် မသီတာက ‘‘အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်က အသိနည်းပါးတော့ မိဘမကောင်း မှုလုပ်လို့ ကလေးမှာခံရတယ်ထင် ကြတယ်။ နယ်မှာက ကိုယ့်က လေးတွေကို ဝှက်ထားကြတယ်။ မထုတ်ကြဘူး။ ဒါကြောင့် နယ်တွေအထိ မိဘတွေကို စည်းရုံးအသိပညာပေးတာတွေများ များလုပ်ပေးနိုင်ရင် ပိုကောင်းမယ်’’ဟု သုံးသပ်ပြောသည်။

အော်တစ်ဇင် (Autism)ဆိုသည်မှာ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးမှု ပုံမမှန်ခြင်းကြောင့် ဖြစ်ပေါ်သည့် ဖွံ့ဖြိုးမှု ချို့ယွင်းသော ရောဂါဖြစ်ပြီး ယင်းရောဂါ ဖြစ်ပေါ်ခံစားရသည့် ကလေးငယ်များသည် သာမန်ကလေးငယ်များကဲ့သို့ မဟုတ်ဘဲ စွမ်းဆောင်ရည် ချို့ယွင်းမှုဖြင့် နေထိုင်ရသော ကလေးငယ်များဖြစ်သည်။

ကမ္ဘာပေါ်တွင် အော်တစ် ဇင်ဖြစ်ပွားသူ ၆၇ သန်းခန့်ရှိပြီး မြန်မာနိုင်ငံ၌ လူဦးရေ၏ ခြောက်သိန်းကျော်မှာ အော်တစ်ဇင်ဖြစ် ပွားနေသည်ဟု မြန်မာနိုင်ငံ အော် တစ်ဇင်အသင်းမှ သိရသည်။

အော်တစ်ဇင်ကလေးငယ် ၏ မိဘများသည်၎င်းတို့၏ ကလေး အကြောင်းကို ကောင်းကောင်း မသိရှိခြင်းကြောင့် မိမိကလေး၏ ပြဿနာများကို ပြန်လည်ဆန်းစစ် သိရှိရန် လိုအပ်ကြောင်း ဦးနေမျိုး နိုင်က ပြောသည်။

‘‘ဖြစ်တဲ့ကလေးတွေကို မိဘရဲ့  ချစ်ခြင်းမေတ္တာပြသဖို့လို တယ်။ ကလေးတွေကို စိတ်မဆိုး နဲ့။ အော်တစ်ဇင်မိဘတစ်ယောက် ဖြစ်တာ ဂုဏ်ယူသင့်တယ်’’ဟု ၎င်းက ပြောသည်။ သက်အောင်

No comments:

Post a Comment