Friday, November 18, 2016

မျက်စိအခြေအနေကောင်းပေမယ့် ခွဲစိတ်မှု ထပ်မံပြုလုပ်ရမယ့် Bobby Soxer

ထိခိုက်ဒဏ်ရာရရှိခဲ့ သည့် မျက်စိအခြေအနေမှာ ပြန် လည်ကောင်းမွန်နေပြီဖြစ်သော် လည်း ခွဲစိတ်မှုတစ်ခု ထပ်မံပြု လုပ်ရဦးမည်ဖြစ်ကြောင်း Bobby Soxer က ပြောသည်။ လက်ရှိတွင် မျက်လုံးအခြေ အနေ ကောင်းမွန်နေပြီဖြစ်သော ကြောင့် 21 စီးရီး၏ ဒီဗီဒီရိုက်ကူး ရေးများ ဆက်တိုက်ပြုလုပ်နေပြီး လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် ထွက်နိုင်ရန်   စီစဉ်နေကြောင်း Bobby Soxer က ပြောသည်။ ‘‘ညီမက သီချင်းရေးကတည်းက အမ်တီဗီကို ဘယ်လိုပုံဖော် မလဲဆိုတာ တွေးထားပြီးသားဆို တော့ စိတ်ကူးထဲကအတိုင်း ပုံ ဖော်လိုက်ရုံပါပဲ။ နောက်ပြီး တွေး ထားတာကလည်း တစ်ပုဒ်နဲ့တစ် ပုဒ် မတူအောင် ရသအစုံဖြစ် အောင် ရိုက်ကူးထားပါတယ်’’ဟု 21 ဒီဗီဒီရိုက်ကူးရေးအကြောင်း ကို ပြောသည်။



ဒီဗီဒီတွင် သီချင်းတစ်ပုဒ်ခန့် သာ ရိုက်ကူးရန် ကျန်ရှိနေပြီး လာ မည့်နှစ် ဇန်နဝါရီ၌ ထွက်ရှိနိုင်ရန် ကြိုးစားမည်ဟု ၎င်းက ဆိုသည်။

‘‘ညီမ နေမကောင်းတဲ့အချိန် ရိုက်ကူးရေးနားထားရတော့ တော်တော်ကြာသွားတာ။ ကိုယ်တိုင် သရုပ်ဆောင်ထားတာတော့ ငါး ပုဒ်လောက်ပါပါတယ်’’ဟု ၎င်းက ပြောသည်။

Bobby Soxer သည် ပြီးခဲ့ သည့်နှစ်က ဂီတဖျော်ဖြေပွဲတစ်ခု တွင် ဖျော်ဖြေနေစဉ် မတော်တဆ မှုတစ်ခုကြောင့် မျက်စိထိခိုက်မှု ဖြစ်ပွားခဲ့ပြီး ကာလအတန်ကြာ အနားယူခဲ့ရသည်။

လတ်တလောတွင် Ve Ve နှစ် (၂၀)ပြည့်အခွေ၌ ရဲရင့်အောင် နှင့် တွဲဖက်၍ သီချင်းတစ်ပုဒ်ပါဝင်သီဆိုထားပြီး ဒီဇင်ဘာအတွင်း ထွက်ရှိမည်ဟု Bobby Soxer ကပြောသည်။

‘‘၂၀၁၇ ထဲမှာတော့ ညီမရဲ့ ဂီတလှုပ်ရှားမှုတွေ အများကြီးပြန် တွေ့ရမှာပါ။ ၂၀၁၆ ကတော့ သိပ်ပြီးကံကောင်းတဲ့နှစ် မဟုတ်ဘူး’’ ဟု ၎င်းက ပြောသည်။ ဇွဲဉာဏ်

No comments:

Post a Comment