Monday, November 21, 2016

ဒေါပုံ Capital Hypermarket တွင် အသေးစား ပေါက်ကွဲမှု လေးကြိမ်ဖြစ်

ဒေါပုံမြို့နယ်ရှိ Capital Hypermarket ဈေးဝယ်စင်တာ တွင် နိုဝင်ဘာ ၂၀ ရက် ညနေက မိနစ်ပိုင်းအတွင်း နေရာနှစ်ခု၌ အ သေးစား ပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားကြောင်း သတင်းရရှိ သည်။ Capital Hypermarket ဈေးဝယ်စင်တာ အပေါ်ထပ်နှင့် အောက်ထပ်တွင် နိုဝင်ဘာ ၂၀ ရက် ညနေ ၆ နာရီခန့်က ပေါက် ကွဲမှုဖြစ်ပွားကာ M-150 အချို ရည်ပုလင်းအတွင်း ဓာတ်ငွေ့အရည်ထည့်ကာ ဖောက်ခွဲမှုပြုလုပ် ခြင်းဖြစ်နိုင်ကြောင်း မိုင်းရှင်းလင်း ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘ပေါက်တာက လေးနေရာ ပေါက်တာ။ အပေါ်ထပ်မှာ နှစ်နေရာ။ အောက်ထပ်မှာ နှစ်နေရာ ပေါ့။ အချိုရည်ပုလင်းတွေကနေ ပေါက်တာပါ။ အဲဒီပုလင်းထဲကို ဘာတွေထည့်ထားတယ် ဆိုတာ တော့ စစ်ဆေးနေတုန်းပါပဲ။ ပြော လို့မရသေးဘူး’’ဟု ၎င်းကပြော ကြားသည်။


Capital Hypermarket ဈေးဝယ်စင်တာ အပေါ်ထပ်တွင် စတင်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးဝန် ထမ်းများက ယင်းနေရာသို့ သွား ရောက်နေစဉ် အောက်ထပ် KFC ဆိုင်အနီး၌ ထပ်မံပေါက်ကွဲခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။ ပေါက်ကွဲမှု ဖြစ်ပွားသော ကုန်တိုက်အတွင်း စစ်မြေပြင် အင်ဂျင်နီယာတပ်မှ တပ်သားများ မိုင်းရှာခွေးများအ သုံးပြုကာ ရှာဖွေမှုများ ပြုလုပ်ခဲ့ သည်။
ယင်းနေရာသို့ သွားရောက် လေ့လာခဲ့သူ ဒေါပုံမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးက ပေါက်ကွဲမှု မပြင်းထန်သော်လည်း M-150 အချိုရည်ပုလင်းအတွင်း ယမ်းထည့်ကာ ဖောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ထိ ခိုက်ဒဏ်ရာရသူမရှိကြောင်း ဒေါပုံမြို့နယ် ရဲတပ်ဖွဲ့က ပြောသော်လည်း ယင်းပေါက်ကွဲမှုတွင် မှန်ကွဲစ ဒဏ်ရာရရှိခဲ့ကြောင်း ဈေး ၀ယ်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ပေါက်ကွဲမှုဖြစ်ပွားသော ကုန်တိုက်သို့ ရန်ကုန်တိုင်းဝန်ကြီး ချုပ်နှင့် ရန်ကုန်တိုင်းနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးတို့ လာရောက် ကြည့်ရှုစစ်ဆေးခဲ့သည် ကို တွေ့ရသည်။
‘‘ဓာတုဗေဒ M-150 ပုလင်း တွေ ပေါက်ကွဲတာပါ။ အထိတ် တလန့်ဖြစ်အောင်လုပ်တဲ့ သ ဘောပါ’’ဟု ရန်ကုန်တိုင်းနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းကပြော သည်။စင်တာအား နိုဝင်ဘာ ၂၀ ရက် ည ၉ နာရီခွဲခန့်အထိ ပိတ် ထားကာ ၀န်ထမ်းအချို့လည်း ဈေးဝယ်စင်တာအတွင်း ရှိနေသေးသည်ကို တွေ့ရသည်။
အစိုးရပြန်ကြားရေးဌာနက Capital Supermarket ပထမ ထပ် ပလတ်စတစ်ပစ္စည်း အ ရောင်းခန်းမတွင် တစ်ကြိမ်၊ မြေ ညီထပ် မုန့်အရောင်းခန်းမတွင် တစ်ကြိမ်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဗုံး ပေါက်ကွဲမှုဟု သတင်းထုတ်ပြန်ခဲ့ သည်။ လူထိခိုက်မှုမရှိဘဲ ပလတ် စတစ်အရောင်းဆိုင်မှ ပစ္စည်းအ နည်းငယ်နှင့် အချိုရည်ပုလင်းအ ချို့ ပျက်စီးခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၁၇ ရက် ညက လည်း မရမ်းကုန်းမြို့နယ် အိုးရှင်း စင်တာအနီးတွင် M-150 အချို ရည်ပုလင်းအတွင်း ယမ်းထည့် ကာ ဖောက်ခွဲရေးပြုလုပ်ခဲ့သော အသေးစားပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သေးသည်။
7Day Daily

No comments:

Post a Comment