Sunday, November 27, 2016

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CEC) အစည်းအဝေးတွင် တောင်ကြီး NLD ပါတီဥက္ကဋ္ဌအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်မှု အတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ဟုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CEC) အစည်းအဝေးကို ယနေ့နံနက် ၁၁နာရီတွင် နေပြည်တော်စည်ပင်ဧည့် ရိပ်သာအတွင်းရှိ ယူနီစံစားသောက်ဆိုင်သီးသန့်ခန်းတွင် ပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေးတွင် ရှမ်းပြည် နယ် တောင်ကြီး NLD ဥက္ကဋ္ဌဖြစ်သူ ဦးတင်မောင်တိုးအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့မှုအတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးအဖွဲ့ဝင်ဦးဝင်းထိန်က ပြောကြားခဲ့သည်။ "အစည်းအဝေးကအများကြီး ဆွေးနွေးစရာမရှိပါဘူး။ကြားဖြတ် ရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်ရွေးချယ်မှုနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပေးပါမယ်။ တောင်ကြီးအမှုကိစ္စကတော့ အယူခံသုံးခုတင်ထားပါ တယ်။ ဦးတင်မောင်တိုးနဲ့ ဒေါ်ခင်မိုးမိုးတို့အယူခံကတော့ ပလပ် လိုက်ပါတယ်။ သူတို့ရှုံးသွားပေါ့။


ဒေါ်မီးမီးနဲ့ ယူမီဇော်တို့ရဲ့ အယူခံကို လက်ခံလိုက်တယ်။ အရင်ကတာဝန်ပဲ ပြန်ပေးလိုက်ပါတယ်။ ဦးတင် မောင်တိုးနဲ့ ဒေါ်ခင်မိုးမိုး အယူခံပလပ်တယ်ဆိုတာက ဦးတင်မောင်တိုးကို ပါတီက ထုတ်ပယ်လိုက်တာက အတည်ဖြစ်တယ်။ ဒေါ်ခင်မိုးမိုးက ရာထူးကထုတ်ပယ်တာအတည်ဖြစ်ပါတယ်။ ကြားဖြတ်အတွက် ကြေညာချက်ကတော့ ဦးဥာဏ်ဝင်းလုပ်မှာဖြစ်ပါတယ်"ဟု ဦးဝင်းထိန်က အစည်းအဝေးအပြီး သတင်းထောက်များ အား ပြောကြားခဲ့သည်။ ယနေ့ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CEC) အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးများ ဖြစ်သည့် ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်းအပါအ၀င် ရန်ကုန်တိုင်းဒေသ ကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုတို့အပါအ၀င် CEC အဖွဲ့များ တက် ရောက်ကြောင်း သိရသည်။

MP

No comments:

Post a Comment