Friday, November 25, 2016

ပရိသတ်များရဲ့အားပေးတောင်းဆိုမှုကြောင့် စင်္ကာပူမှာ ဒုတိယရှိုးပွဲ ထပ်မံဖျော်ဖြေရမည့် Coldplay အဖွဲ့

နာမည်ကျော် ဗြိတိန်ဂီတအဖွဲ့ဖြစ်သည့် Coldplay ဟာ ပထမရှိုးပွဲလက်မှတ်များ ရောင်းချအပြီးမှာပဲပရိတ်သတ်များရဲ့ သောင်းသောင်းဖြဖြအားပေး တောင်းဆိုမှုကြောင့် နောက်ထပ်ရှိုးပွဲတစ်ခုထပ်မံဖျော်ဖြေ ရမှာဖြစ်တယ်လို့ ပွဲစီစဉ်တဲ့ Live Nation Lushington အေဂျင်စီက အတည်ပြုလိုက်ပါတယ်။ လာမည့် ၂၀၁၇ ဧပြီလ ၁ရက်နေ့မှာ စင်္ကာပူအမျိုးသားအားကစားကွင်း၌ဖျော်ဖြေမည့် Coldplay အဖွဲ့ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲဖြစ်သည့် “A Head Full of Dreams” ရှိုးပွဲအတွက် လက်မှတ်များဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကစတင်ရောင်းချခဲ့ပြီး နှစ်နာရီအတွင်းမှာပဲ လက်မှတ်အားလုံးရောင်းကုန်သွားတယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်ထပ်ရှိုးပွဲလက်မှတ်များကို နိုဝင်ဘာ၂၅ရက် သောကြာနေ့မှာ ထပ်မံ   ရောင်းချသွားမှာ ဖြစ်ပါတယ်။ Coldplay အဖွဲ့ဟာ သူတို့ရဲ့အာရှခရီးစဉ်ဖျော်ဖြေပွဲမှာ မူလက စင်္ကာပူ၊ ဖိလစ်ပိုင်၊ထိုင်ဝမ်၊တောင်ကိုရီးယား၊နဲ့ ဂျပန်တို့မှာသာ ဖျော်ဖြေရန်စီစဉ်ထားပေမယ့် ယခုဆိုရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရာဂျာမန်ဂလာ အမျိုးသား အားကစားကွင်း၌လည်း ဧပြီလ ၇ရက်နေ့တွင် ဖျော်ဖြေရန်စီစဉ်လိုက်သောကြောင့် Coldplay ရဲ့ အာရှခရီးစဉ် ရှိုးပွဲဟာ အားပေးသူအမြောက်အမြား ရရှိတယ်လို့ ဆိုရမှာ   ဖြစ်ပါတယ်။

No comments:

Post a Comment