Friday, November 18, 2016

Copy Right Law အမှန်တကယ်သာ ပေါ်ပေါက်လာမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံက တေးသံရှင်တွေရဲ့ ဖန်တီးနိုင်မှုစွမ်းရည်က ဒီထက်ပိုပြီးတော့ တိုးတက်လာမယ်လို့ထင်ပါတယ်

'၈ဝ ခုနှစ် ဂီတည'လို့ အမည်ပေးထားတဲ့ပွဲကို   အဆိုတော် တူးတူး၊ ဟေမာနေဝင်း၊ ချစ်ကောင်း၊ ကော်နီတို့ လေးဦးတို့ဟာ နိုဝင်ဘာ ၂၆ ရက်မှာ အမျိုးသားကဇာတ်ရုံမှာ  ကျင်းပသွားမှာဖြစ်တယ် လို့  သိရတာကြောင့်  အဆိုတော်တူးတူးကို   အင်တာဗျုး ဖြစ်ခဲ့ပါတယ်။ ''၈ဝ ခုနှစ်ဂီတည''ဖျော်ဖြေပွဲ စီစဉ်ဖြစ်တာနဲ့ပတ်သက်ပြီးတော့ ပြောပြပေး ပါဦး။ ဇန်နဝါရီမှာ ကျွန်တော့်မွေးနေ့ရှိတော့ မွေးနေ့မှာ တစ်ကိုယ်တော်ဖျော် ဖြေပွဲလုပ်မယ်ဆိုပြီးတော့စီစဉ်တာပါ။ နောက်ကျတော့ မွေးနေ့တစ်ကိုယ် တော်မလုပ်ဘဲနဲ့ သူငယ်ချင်းတွေနဲ့ လုပ်ချင်တဲ့စိတ်ဖြစ်လာတော့  သူငယ် ချင်း တွေကိုတိုင်ပင်တော့ သူတို့လည်းဆိုချင်တာကြောင့် အခုလိုပွဲလေးဖြစ်သွားတာပါ။



ဒီပွဲမှာ ဘယ်လိုသီချင်းမျိုးတွေ သီဆိုသွားမလဲ။ တေးသံရှင်လေးယောက် ဖြစ်တဲ့အတွက် ထူးခြားတဲ့အစီအစဉ်တွေ ထည့်သွင်းထားရင်လည်းပြောပြ ပေးပါဦး။

ဒီပွဲမှာသီချင်းတွေက တစ်ယောက်ချင်းစီကို ရှစ်ပုဒ်လောက်တော့ဆိုမယ်။ နောက် စုံတွဲသီချင်းတွေပါမယ်။ နောက် လေးယောက်ပေါင်းဆိုတဲ့ သီချင်းတွေပါမယ်။ အဓိကကတော့ ဒီပွဲမှာ ပရိသတ်သိပြီးသား ပေါက်ပြီး  သားသီချင်းတွေဆိုမယ်။ တစ်ယောက်ချင်းစီဆိုရင်တော့ အဆိုနည်းတဲ့ သီချင်းတွေ ဆိုဖြစ်မယ်။



ခိုးကူးခွေ ပပျောက်နိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေတဲ့အပေါ် အမြင် လေးပြောပြပေးပါဦး။

အဲဒါတွေကတော့ ရှိသင့်တာတော့ ကြာပါပြီ။ အခုလောလောဆယ် လည်း လုပ်ဖို့စီစဉ်နေတုန်းဆိုတော့ Copy Right Law က အတည်တကျ မဖြစ်သေးဘူး။ ခိုးကူးက ထိထိရောက်ရောက် လုပ်သင့်သလောက် မလုပ်နိုင် သေးဘူး။


Copy Right Law ပေါ်ပေါက်လာမယ်ဆိုရင် ကော်ပီသီချင်းဆိုတဲ့ တေးသံရှင်တွေအတွက် ထိခိုက်နစ်နာမှု ဘယ်လောက်ထိရှိလာနိုင်မယ် လို့ ထင်ပါသလဲ။

တချို့ကထင်ကြတယ်။ Copy Righ အဖြစ်သွားရင် မြန်မာပြည်က ကော်ပီသီချင်းဆိုတဲ့သူတွေက ကော်ပီသီချင်းဆိုလို့ မရတော့ဘူး။ ကျွန် တော်သိသလောက်ဆိုရင်တော့ အဲဒီလိုမဟုတ်ဘူး။ ကော်ပီသီချင်းဆိုတဲ့ သူတွေလည်း Copy Righ  ဖြစ်ပြီးသွားရင် ဆိုလို့ရမှာပါ။ တစ်ခုပဲရှိမယ်။ သူများသီချင်းဆိုမယ်ဆိုရင် ကိုယ်က ကော်ပီသီချင်းဖြစ်သွားတဲ့အတွက် သူတို့ရဲ့သံစဉ်ကို ယူသုံးရမယ်။ အဲဒီတော့ သံစဉ်အသုံးပြုခပေး ပြီးတော့   ယူသုံးလို့ရပါတယ်။ အဲဒီတော့ Copy Right   ပေါ် လာရင်တော့ကောင်းမယ်။ အရင်တုန်းက ကျွန်တော်တို့ ကော်ပီသီချင်းတွေ ဆိုတုန်းကတော့ Copy Right Law မရှိဘူး။ နောက်ပြီးတော့ မြန်မာပြည် ကလည်း Copy Right Law မှာ လက်မှတ်မထိုးတာတော့ ကော်ပီသီချင်းဆိုရင် သူတို့ဆီက သံစဉ်တွေဘာတွေ ဝယ်ဖို့မလိုဘူး။နောက် Copy Right Law တကယ် ပေါ်လာပြီဆိုရင်တော့ အသံသွင်းတာနဲ့ ဝယ် ရတော့မှာပေါ့နော်။ အဲဒီလို မျိုးပဲရှိမှာပါ။ တကယ် Copy Right Law အမှန်တကယ်သာ ပေါ် ပေါက်လာမယ်ဆိုရင် ကျွန်တ်ာတို့မြန်မာနိုင်ငံက တေးသံရှင်တွေရဲ့ ဖန်တီး နိုင်မှုစွမ်းရည်က ဒီထက်ပိုပြီးတော့ တိုးတက် လာမယ်လို့ထင်ပါတယ်။ အခုဟာကကျတော့ Copy Right Lawမရှိသေးတော့ တချို့လုပ်ရမယ့် လုပ်ငန်းစဉ်တွေက ဒီ Copy Right Law  မရှိသေးတဲ့အတွက် မလုပ်ရသေး တဲ့အပိုင်းတွေရှိပါတယ်။ ဒီ Copy Right Law  သာ အမှန်တကယ်သာပေါ် ပေါက်လာမယ်ဆိုရင် ကောင်းလာဖို့ပဲရှိပါတယ်။

No comments:

Post a Comment