Thursday, November 24, 2016

"နောက်တစ်ခေါက် ပြန်လာစေချင်တယ်ဆိုရင် လာမယ့်နှစ်မှာ ပြန်လာခဲ့ပါမယ်" ကမ္ဘာ့နံပါတ်တစ် DJ အဖြစ် ငါးကြိမ်တိုင် ရပ်တည်နိုင်ခဲ့သူ Armin နှင့် တွေ့ဆုံခြင်း

အီလက်ထရွန်နစ် ဂီတဖျော် ဖြေပွဲဖြစ်သည့် WE ARE CONNTCTED  ပွဲကို ရန်ကုန်မြို့ရှိ The ONE Entertainment Park  တွင် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီမှ ည ၁၂ နာရီအထိ ကျင်း ပပြု လုပ်သွားမည်ဖြစ်သည်။ အဆိုပါဖျော်ဖြေပွဲသို့ လာရောက်တီးခတ်မည့် နာမည်ကြီး ဒီဂျေသမားတစ်ဦးမှာ နယ်သာလန်နိုင်ငံသား Armin Van Buuren ဆိုသူပင်ဖြစ်သည်။ သူသည် အီလက်ထရွန်နစ်ဂီတကို တီထွင် သူ အဖြစ် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ရပ်တည်ခဲ့ကာ ဂရမ်မီဆုလျာထားခြင်းခံခဲ့ရသည်။ ကနေဒီယန်ဂီတသမား ဖြစ်သူ Trevor Guthrie  နှင့် Armin တို့မှာ ကမ္ဘာ့နံပါတ်တစ် DJ အဖြစ် ငါးကြိမ်တိုင်တိုင် နှစ်စဉ် DJ Mag Top 100 တွင် အမည်တင်သွင်းခြင်းခံခဲ့ရပြီး နံပါတ် ၅ နေရာ၌ ၁၄ ကြိမ်ဆက်တိုက်ရပ်တည်ခဲ့သော ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ Armin နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြပေး ရမည်ဆိုပါက...



မေး -DJ လောကကို စတင်ဝင် ရောက်ဖြစ်ခဲ့ပုံကို ပြောပြပေးပါဦး။

ဖြေ -DJ တစ်ယောက်ဖြစ်ဖို့ကို ငယ်ငယ်ကတည်းက စိတ်ကူးရှိခဲ့တယ်။ ဒါပေမဲ့ အခုလိုအထိ ဖြစ်လာလိမ့်မယ်လို့မထင်ခဲ့ဘူး။ ကျွန် တော်ဟာ ၂ဝဝ၂ ခုနှစ်မှာ ဥပဒေနဲ့ ကျောင်းပြီးခဲ့တဲ့နောက် ဒီလောကထဲကို ဝင်ရောက်လာခဲ့တယ်။ အခုတော့ အားလုံးမြင်တဲ့အတိုင်း အကောင်း ဆုံးဖျော်ဖြေနိုင်တဲ့သူ ဖြစ်လာခဲ့ပါ ပြီ။


မေး - မင်းအခုလိုအောင်မြင်လာတဲ့အနုပညာသမားတစ်ယောက်ဖြစ်လာရခြင်းရဲ့လျှို့ဝှက်ချက်ကို ပြော ပြပေးနိုင်မလား။

ဖြေ - ကျွန်တော့်ရဲ့အောင်မြင်မှုဟာ ကျွန်တော့်ကြိုးစားမှုထက် လက်တွဲလုပ်နေတဲ့ Team  ကြောင့်ပါ။ ကမ္ဘာအနှံ့မှာ ကျွန်တော်လုပ်ခဲ့တဲ့ပွဲတွေက အများကြီးလေ။ ကျွန်တော်နဲ့အတူလက်တွဲအလုပ်လုပ်နေတဲ့ Team တွေ၊ အဖွဲ့အစည်းတွေ၊ ပွဲစီစဉ်တဲ့ ကုမ္ပဏီကြီးတွေအပါအဝင် ကျွန်တော့် နောက်ကပံ့ပိုးပေးနေတဲ့ လူသုံးရာ လောက်ရဲ့ကူညီပံ့ပိုးပေးမှုတွေကြောင့် ဒီနေ့ဒီနေရာကို ရောက်လာတာပါ။


မေး - မြန်မာနိုင်ငံအပါအဝင် အာ ရှမှာ EDM ဘယ်လောက်အ ထိ ဖွံ့ဖြိုးလာပြီလို့ ယုံကြည်သလဲ။

ဖြေ - လက်ရှိအချိန်မှာတော့ အာရှဘက်ကလူငယ်တွေက ရေဒီယိုအစီအစဉ်နားထောင်တဲ့အခါမှာ အီလက်ထရွန်နစ်ဂီတကိုပိုပြီး အလေးပေးလာကြတယ်။ အခုမြန်မာနိုင်ငံကို လာရောက်ရတဲ့ အကြောင်းရင်းက ပွဲ အကြီးကြီးတွေစီစဉ်ဖို့၊ လူတွေအများကြီးလာကြည့်ဖို့ဆိုတာထက် ဆီစက်လေးတွေ တောက်လျှောက် စီးဆင်းသွားသလို တေးဂီတတွေကမ္ဘာ တစ်လွှားပျံ့နှံ့လိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။


မေး - မြန်မာနိုင်ငံကို လာရောက် ဖျော်ဖြေဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့ တာလဲ။

ဖြေ - ကျွန်တော်တင်ဆက်ပေးနေကျ A State of Trance ဆိုတဲ့ ရေဒီယိုရှိုးပွဲရှိတယ်။ အဲဒီမှာ ပရိသတ် တွေကမေးကြတယ်။ မြန်မာနိုင်ငံကို ဘယ်တော့လာမှာလဲဆိုပြီးတော့။ အဲဒီမှာ မြန်မာနိုင်ငံမှာလည်း ကျွန် တော့်ပရိသတ်တွေရှိတာပဲဆိုပြီး သိခဲ့တဲ့အတွက် လာရောက်ဖျော်ဖြေဖို့ ဖြစ်လာခဲ့တာပါ။


မေး - မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် လာရောက်ဖျော်ဖြေခွင့်ရတဲ့ အတွက် ဘယ်လိုခံစားရလဲ။

ဖြေ - တကယ်ကိုပျော်ရွှင်ရပါတယ်။ ဒီလိုလှပတဲ့နိုင်ငံမှာ လာရောက် ဖျော်ဖြေခွင့်ရလို့လည်း ကျေးဇူးတင် ပါတယ်။ ဖျော်ဖြေတဲ့အခါမှာလည်း ပရိသတ်ခံစားချက်ကိုကြည့်ပြီး အားလုံးအကြိုက်ဖြစ်အောင် ဆွဲခေါ်သွား မှာပါ။


မေး - မြန်မာနိုင်ငံက လူငယ်တွေကိုလည်း DJ workshop  မှာ ဘာ တွေဖြန့်ဝေသွားဖို့ရှိသလဲ။

ဖြေ - ပွဲတစ်ပွဲမှာ ဘယ်လိုတီး ခတ်ရမလဲဆိုတာတွေ။ သံစဉ်တွေ အပေါ်လိုက်ပြီး ဘယ်လိုမျိုးပြောင်းလဲရမလဲဆိုတာတွေကို ဖြန့်ဝေပေး သွားမှာပါ။


မေး - မြန်မာနိုင်ငံကို အခုတစ် ကြိမ်က ပထမဆုံးလာရောက်ဖျော် ဖြေတာပေါ့နော်။ နောက်ထပ်လာရောက်ဖို့အစီအစဉ်ရောရှိလား။

ဖြေ - ဖြစ်နိုင်မယ်ဆိုရင်တော့ နောက်ထပ် ပြန်လာချင်ပါသေးတယ်။ ဒါပေမဲ့ ဒီပွဲမှာလာရောက်တဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကိုလည်း နားထောင်သွားမယ်။ သူတို့က နောက်တစ်ခေါက်ပြန်လာစေချင်တယ်ဆိုရင် လာမယ့်နှစ်မှာ ပြန်လာခဲ့ပါမယ်။


မေး - ပွဲကို လာရောက်ကြည့်ရှု့ မယ့်ပရိသတ်အတွက် ဘာများပြောချင်ပါသေးလဲ။

ဖြေ - ကျွန်တော်နဲ့အတူ တွဲဖက် ဖျော်ဖြေမယ့်သူတွေကလည်း နာမည်ကြီးတွေပါပဲ။ မတူညီတဲ့အခမ်းအနားတွေ၊ မတူညီတဲ့ သံစဉ်တွေကြားမှာ ခမ်းနားတဲ့အပြင်အဆင် တွေကလည်း ပရိသတ်အတွက် စိတ်လှုပ် ရှားစေလိမ့်မယ်လို့ ထင်ပါတယ်။ ပွဲကိုလာရောက် အားပေးကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

No comments:

Post a Comment