Friday, November 18, 2016

"မန်ချက်စတာ ယူနိက်တက်ဘောလုံးသမားဟောင်း Dwight Yorke က သန်လျင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့မှ ဆင်းရဲနွမ်းပါးသည့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီမည်"

မန်ချက်စတာ ယူနိက်တက်ဘောလုံးသမားဟောင်း Dwight Yorke က နိုဝင်ဘာ ၁၈ ရက်နေ့တွင်
Charity Golf Tournament ကို သွားရောက် ကစား မည်ဖြစ်ကြောင်း သိရသည်။ ယင်း Charity Golf Tournament ကို သန်လျင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့မှ ဆင်းရဲနွမ်းပါးသည့်ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးမည့် Dulwish College Yangon နှင့် Mgic Bus Myanmar တို့မှပူးပေါင်း ကျင်းပမည် ဖြစ်သည်။ မန်ချက်စတာ ယူနိက်တက်ဘောလုံးသမား  Dwight Yorke က မြန်မာနိုင်ငံ သို့ရောက်ရှိနေပြီး Dulwish College Yangon ၏ ဘောလုံးကွင်းသစ်ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၁၇ ရက်နေ့ ရန်ကုန်မြို့ရှိ Sedona ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် Dwight Yorke က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါဘောလုံးကွင်းတွင် Dwight Yorke အနေဖြင့် ကျောင်းသားများ၊ ဝန်ထမ်းများနှင့် အတူ ပါဝင် ကစားသွားမည် ဟုလည်း၎င်းကပြောသည်။ Dwight Yorke သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရောက်ရှိလာခြင်းပြီး နှစ်ရက် နေထိုင်မည်ဖြစ်ကာ ၁၈ ရက်နေ့တွင် Charity Golf Tournament ကို သွားရောက်ကစားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment