Friday, November 18, 2016

အလှကုန်ပစ္စည်းအတုရောင်းသည်ဟု သံသယရှိပါက FDA သို့ တိုင်ကြားနိုင်

အတုအပအန္တရာယ်ရှိ သော အလှကုန်ပစ္စည်းရောင်းချ နေသည်ဟု ယူဆပါက ပြည်သူများ အသိပေး တိုင်ကြားနိုင် ကြောင်း မြန်မာနိုင်ငံ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန(FDA) ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာသဇင်ရီလှိုင်က ပြောသည်။ ‘‘အွန်လိုင်းမှာ ရောင်းချနေ တဲ့ ပစ္စည်းပဲဖြစ်ဖြစ်၊ တခြားဈေး ကွက်ထဲမှာ ရောင်းနေတဲ့ပစ္စည်းပဲ ဖြစ်ဖြစ် စားသုံးသူဘက်က အတု အပလို့ထင်ရင် သတင်းပေးတိုင် ကြားနိုင်တယ်။ အဲဒီပစ္စည်းကို နမူနာယူပြီး စစ်ကြည့်မယ်။ ကုန် ပစ္စည်းက အန္တရာယ်ရှိတယ်ဆိုရင် သုံးစွဲရန် မသင့်ဆိုပြီး ကြေညာ မယ်၊ ရောင်းချခြင်းမပြုဖို့ တားမြစ်မယ်’’ဟု ၎င်းက ဆိုသည်။ FDA အနေဖြင့် ဈေးကွက်အတွင်း ထုတ်လုပ်တင်သွင်းရောင်းချနေသည့် အလှကုန် ပစ္စည်းများကို အခါအားလျော်စွာ နမူနာပစ္စည်းများကောက်ယူ စစ်ဆေးလျက်ရှိပြီး သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်များတွင်လည်းတားမြစ်ထားသည့် အန္တရာယ်ရှိ အလှကုန်ပစ္စည်းများ ရောင်းချနေသည်ကိုတွေ့ရှိပါက သိမ်းဆည်း အရေးယူခြင်းများလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။


ယခုလပိုင်းအတွင်း တရုတ် ဘာသာဖြင့် ဖော်ပြထားသော အ လှကုန်ပစ္စည်းခုနစ်မျိုးတွင် အန္တ ရာယ်ဖြစ်စေသော အဆိပ်သင့် ဓာတုပစ္စည်း မာကျူရီ(ပြဒါး)ပါ ဝင်ကြောင်း စစ်ဆေးတွေ့ရှိရသ ဖြင့် သုံးစွဲရန် မသင့်ကြောင်းနှင့် တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း မပြုရန် FDA က တားမြစ်ထား သည်။

 ယင်းအဆိပ်သင့် ဓာတု ပစ္စည်း မာကျူရီ(ပြဒါး)သည် အရေပြားယားယံခြင်း၊ ရောင်ရမ်း ခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အ ရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အ တွင်း သို့ စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည် သုံးစွဲပါက ကျောက်ကပ်ပျက်စီး ခြင်းနှင့် အခြားရောဂါများဖြစ်ပွား နိုင်ကြောင်း သိရသည်။

‘‘သုံးစွဲဖို့ မသင့်ဘူးလို့ ကြော် ငြာထားတဲ့ ပစ္စည်းတွေကို မသုံးဖို့ လိုတယ်။ ဆိုင်မှာတင်ပြီး ရောင်း ချတဲ့သူတွေကလည်း မရောင်းချ ဘူး။ တင်သွင်းတဲ့သူတွေကလည်း မတင်သွင်းဘူးဆိုရင်တော့ ဒီ ပြဿနာက ရှင်းသွားမှာပါ။ FDA မှတ်တမ်းတင်ထားတဲ့ ကုန်ပစ္စည်း ကိုသာ သုံးစွဲသင့်တယ်။ ပိုစိတ်ချ ရတာပေါ့’’ဟု ဒေါက်တာ သဇင်ရီ လှိုင်က ဆိုသည်။

အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန(FDA)သို့ မှတ်တမ်းမတင်ဘဲ အလှကုန် ပစ္စည်းများ တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက ပြည်သူ့ကျန်းမာရေး ဥပဒေအရ ထောင်ဒဏ်တစ်နှစ်မှ ၁၃ နှစ်အထိ ချမှတ်အရေးယူ ဆောင်ရွက်နိုင်ကြောင်း သိရှိရ သည်။ ဟေမာန်ညီညီ

No comments:

Post a Comment