Tuesday, November 22, 2016

Feedback က ဇာတ်လမ်းတိုလေး ဆိုပေမယ့် ကျွန်တော် တကယ် လက်တွဲအလုပ်လုပ်ရတာက ဦးကျော်သူဖြစ်တဲ့အတွက် အရမ်းကို ကြိုးစားခဲ့ရတယ် . .တေးသံရှင် G-Fatt

Feedback ပညာပေးဇာတ်လမ်းတိုတွင် စံပယ်ပန်းရောင်း ချသော ကောင်လေးနေရာ၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိလာခဲ့တဲ့ တေးသံရှင် G-Fatt နှင့် ခဏတာတွေ့ဆုံ ခိုက် ရှေ့ ဆက်လျှောက်လှမ်းသွားမယ့် အနုပညာလှုပ်ရှားမှုများနဲ့ပတ်သက်ပြီးတော့ အခုလိုပဲတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ် . .
မေး -Feedback ပညာပေးဇာတ် လမ်းတိုမှာ G-Fatt ပါဝင်သရုပ် ဆောင်တာနဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေကလည်း လက်ခံအားပေးကြတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမျိုး ခံစားရလဲ။ ဒီ ဇာတ်လမ်းမှာပါဝင်ဖြစ် တာနဲ့ပတ်သက်ပြီးတော့လည်း ပြော ပြပေးပါဦး။
ဖြေ - ကျွန်တော် ဒီ Feedback ဇာတ်လမ်းတိုမှာ ပါဝင်ဖြစ်တာက တော့ Myanmar Media7 ရဲ့ စီစဉ်မှုနဲ့ပါဝင်ဖြစ်ခဲ့တာပါ။ ဒီဇာတ်လမ်းလေးကိုကြည့်ပြီးတော့ ကျွန် တော့်ကို အားပေးကြတဲ့အတွက် လက်ခံ ပေး ကြတဲ့အတွက် ကျွန်တော်ကကျေးဇူးအများကြီးတင်ပါတယ်။

မေး - အဆိုတော်တစ်ယောက်အ နေနဲ့သရုပ်ဆောင်အလုပ်ကို လုပ်ရ တာဆိုတော့ ဘယ်လိုမျိုးတွေပြင်ဆင် ကြိုးစားခဲ့ရလဲ။
ဖြေ - ဒီဇာတ်လမ်းမှာ ပါဝင်ကြတဲ့ သူတွေ အားလုံးကသရုပ်ဆောင်နယ်ပယ်မှာ ကျွမ်းကျင်ကြတဲ့သူတွေ၊ ပြီး တော့ ဦးကျော်သူဆိုရင်လည်း တကယ်ကိုပဲ သရုပ်ဆောင်ပညာနဲ့ပတ်သက်ရင် ပညာရည်ပြည့်ဝနေတဲ့ ဝါရင့် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော့်အတွက်တော့အရမ်းကိုကြိုးစားရတယ်။ Feedback အကုန်လုံးကြည့်လိုက်ရင်တော့ ဇာတ်လမ်းတိုလေးဆိုပေမယ့် ဒီဇာတ်လမ်း လေးမှာ ကျွန်တော် တကယ် လက်တွဲ အလုပ်လုပ်ရတာက ဦးကျော်သူဖြစ်တဲ့အတွက် အရမ်းကိုကြိုးစားခဲ့ရတယ်။ ကျွန်တော့်အတွက်ကတော့ သရုပ် ဆောင်နယ်ပယ်က မကျွမ်းကျင်တဲ့ နယ်ပယ်ဖြစ်တဲ့အတွက် ပိုပြီးတော့ အားစိုက်ရ တယ်။
မေး - တခြားဇာတ်လမ်းတွေလည်း ရိုက်ကူးဖို့အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး တော့ ပြောပြပေးပါဦး။
ဖြေ - အဲဒါကတော့ အနီးကပ်ကျ တော့မှပဲ ပြောပြပါတော့မယ်။ အခု အချိန်တော့ မပြောပြချင်သေးဘူး။
မေး - ဂီတနဲ့ပတ်သက်ပြီးတော့ရော ဘာတွေလုပ်ဖြစ်နေလဲဆိုတာ ပြောပြ ပေးပါဦး။
ဖြေ - ဂီတနဲ့ပတ်သက်ရင်တော့ ကျွန် တော့်ရဲ့ပထမတေးစီးရီးအခွေ MTV ရိုက်ဖို့ရှိပေမယ့်အဲဒီအခွေကို MTV မရိုက်သေးဘဲနဲ့ အခုလောလောဆယ် တော့ ဒုတိယအခွေကိုလုပ်နေပါ တယ်။
မေး - အဲဒါဆိုရင် ပထမအခွေရဲ့ MTV အခွေမထွက်ခင် ဒုတိယအ ခွေကထပ်ထွက်လာမယ်ဆိုတဲ့ သ ဘောပေါ့နော်။
ဖြေ - အခု ကျွန်တော့်ရဲ့ဒုတိယအခွေက mini album အခွေလေး ကိုပြင်ဆင်နေတာပါ။ အဲဒီအခွေမှာ တော့ သီချင်းသုံးလေးပုဒ်လောက်ပါမယ်။ mini album အခွေက ပြင်ဆင်နေပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ ထွက် ဖြစ်မလဲတော့ သေချာမစီစဉ်ရသေးပါဘူး။ အမှန်ကကျွန်တော် mini အခွေ လေး စီစဉ်တယ်ဆိုတာက ဒီဇင်ဘာ မှာကျရောက်မယ့် ကျွန်တော့်ရဲ့မွေး နေ့မှာအခွေလေးထုတ်ချင်လို့ စီစဉ် နေတာပါ။
မေး - ပရိသတ်တွေအတွက် စကား လက်ဆောင်လေး ပြောပေးပါဦး။
ဖြေ - ကျွန်တော် အခုလိုမျိုးဂီတ လောကမှာ ရပ်တည်နေနိုင်တာက ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပါ။ အဲဒါကြောင့် ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။
NN

No comments:

Post a Comment