Tuesday, November 29, 2016

တနင်္သာ ရီတိုင်းဒေသကြီးအတွင်းရှိ ဒီရေ တောများ ပျက်စီးလာစေရန် ခြိမ်း ခြောက်မှုများရှိနေခြင်းကြောင့် အရေးတကြီးထိန်းသိမ်းရန် လိုအပ်နေကြောင်း ပညာရှင်များ၏ ပြောကြားချက်များ အရ သိရသည်။ဒီရေတော၏အရေးပါမှုများ ဆိုင်ရာလူထုအသိပညာပေးအဖြစ် ဒီရေတောပွဲကို တနင်္သာရီတိုင်းဒေသ ကြီး၊ မြိတ်မြို့တွင် နိုဝင်ဘာ ၂၆ ရက် မှ ၂၇ ရက်အထိ နှစ်ရက်တာကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဒီရေတောများ မှာ ထင်းလောင်စာအဖြစ် အသုံးပြု ခြင်းနှင့် နေအိမ်အဆောက်အအုံများ အဖြစ်အသုံးပြုခြင်းတို့ကြောင့် ဒီရေ တောအများစုသည် ပျက်စီးဆုံးရှုံးရ ခြင်းဖြစ်ကြောင်း မြိတ်မြို့တွင် နိုဝင် ဘာ ၂၆ ရက်နှင့် ၂၇ ရက်အထိ နှစ် ရက်တာပြုလုပ်ခဲ့သည့် လူထုအသိ ပညာပေးဒီရေတောပွဲမှ သိရသည်။ ဒီရေတောများနှင့်ပတ်သက်ပြီးသုတေသနလုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နေသည့် ထားဝယ်သုတေ သနအသင်းမှဥက္ကဋ္ဌဦးဇော်သူရက ""တနင်္သာရီတိုင်းဟာ မြန်မာနိုင်ငံမှာ ဒီရေတောအများဆုံးကျန်ရှိတဲ့ ဒေသ တစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တော့ ဒီရေတောတွေဟာ ခြိမ်းခြောက် မှုတွေနဲ့ကြုံနေရပါတယ်။ ဒါကြောင့် မြိတ်မြို့မှာ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ လူငယ်တွေကို အသိ ပညာပေးဖို့အတွက်ရည်ရွယ်ပြီး ဒီရေ တောများ၏အရေးပါမှုဆိုင်ရာ လူထု အသိပညာပေးဒီရေတောပွဲတော် ကို ကျင်းပခြင်းဖြစ်ပါတယ်။ ရှိနေသေး တဲ့ဒီရေတောတွေကို ဆက်လက်ထိန်း သိမ်းသွားနိုင်ဖို့နဲ့ ပျက်စီးသွားတဲ့ဒီရေ တောတွေကို အစားထိုးပြန်လည် စိုက်ပျိုးဖို့ကို လူထုကို အသိပညာပေး ပြပွဲလေး ပြုလုပ်ရခြင်းဖြစ်ပါ တယ်""ဟုပြောသည်။ တနင်္သာရီတိုင်းဒေသကြီးအ တွင်းရှိ ခရိုင်သုံးခုအနက် လက်ရှိထား ၀ယ်ခရိုင်တွင် ဒီရေတောဧကပေါင်း ငါးသောင်းကျော်၊ မြိတ်ခရိုင် တွင်း ဧကပေါင်းသုံးသိန်းကျော်၊ ကော့ သောင်းခရိုင်တွင် ဧကပေါင်းတစ် သိန်းခွဲနီးပါးလောက်သာ ကျန်ရှိတော့ ကြောင်းထားဝယ်သုတေ သနအသင်း နှင့်အပြည်ပြည်ဆိုင်ရာတောရိုင်းတိရ စ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့(FFI) တို့၏ ထုတ်ပြန်ချက်အရသိရသည်။ မြန်မာနိုင်ငံတွင် ရခိုင်ကမ်းရိုး တန်းဒေသ၊ ဧရာဝတီကမ်းရိုးတန်း ဒေသနှင့်တနင်္သာရီကမ်းရိုးတန်း ဒေသများတွင် ဒီရေတော အမြောက် အမြားပေါက်ရောက်နေပြီး နောက် ဆုံး ၂၀၁၀ ခုနှစ်စာရင်းများအရ ဒီရေတော ဟက်တာပေါင်း ၅၀၂၉၁၁ ရှိကြောင်း သိရသည်။ ဒီရေတော၏အရေးပါမှုများ ဆိုင်ရာ လူထုအသိပညာပေးအဖြစ် ဒီရေတောပွဲတွင် ပညာရှင်များဖြစ်ကြသည့်ဒီရေတော ပညာရှင်ဒေါက်တာ မောင်မောင်သန်း၊ မြိတ်တက္ကသိုလ်မှ ပါမောက္ခဒေါ်နန်းမြဟန်၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးပညာရှင်ဦးဝင်း မျိုးသူအပါအ၀င်ပညာရှင်များက ဟောပြောဆွေးနွေးမှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။ DMT

တနင်္သာ ရီတိုင်းဒေသကြီးအတွင်းရှိ ဒီရေ တောများ ပျက်စီးလာစေရန် ခြိမ်း ခြောက်မှုများရှိနေခြင်းကြောင့် အရေးတကြီးထိန်းသိမ်းရန် လိုအပ်နေကြောင်း ပညာရှင်များ၏ ပြောကြားချက်များ အရ သိရသည်။ဒီရေတော၏အရေးပါမှုများ ဆိုင်ရာလူထုအသိပညာပေးအဖြစ် ဒီရေတောပွဲကို တနင်္သာရီတိုင်းဒေသ ကြီး၊ မြိတ်မြို့တွင် နိုဝင်ဘာ ၂၆ ရက် မှ ၂၇ ရက်အထိ နှစ်ရက်တာကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဒီရေတောများ မှာ ထင်းလောင်စာအဖြစ် အသုံးပြု ခြင်းနှင့် နေအိမ်အဆောက်အအုံများ အဖြစ်အသုံးပြုခြင်းတို့ကြောင့် ဒီရေ တောအများစုသည် ပျက်စီးဆုံးရှုံးရ ခြင်းဖြစ်ကြောင်း မြိတ်မြို့တွင် နိုဝင် ဘာ ၂၆ ရက်နှင့် ၂၇ ရက်အထိ နှစ် ရက်တာပြုလုပ်ခဲ့သည့် လူထုအသိ ပညာပေးဒီရေတောပွဲမှ သိရသည်။


ဒီရေတောများနှင့်ပတ်သက်ပြီးသုတေသနလုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နေသည့် ထားဝယ်သုတေ သနအသင်းမှဥက္ကဋ္ဌဦးဇော်သူရက ""တနင်္သာရီတိုင်းဟာ မြန်မာနိုင်ငံမှာ ဒီရေတောအများဆုံးကျန်ရှိတဲ့ ဒေသ တစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တော့ ဒီရေတောတွေဟာ ခြိမ်းခြောက် မှုတွေနဲ့ကြုံနေရပါတယ်။ ဒါကြောင့် မြိတ်မြို့မှာ ဒေသခံပြည်သူများနှင့်
ကျောင်းသား၊ လူငယ်တွေကို အသိ ပညာပေးဖို့အတွက်ရည်ရွယ်ပြီး ဒီရေ တောများ၏အရေးပါမှုဆိုင်ရာ လူထု အသိပညာပေးဒီရေတောပွဲတော်
ကို ကျင်းပခြင်းဖြစ်ပါတယ်။ ရှိနေသေး တဲ့ဒီရေတောတွေကို ဆက်လက်ထိန်း သိမ်းသွားနိုင်ဖို့နဲ့ ပျက်စီးသွားတဲ့ဒီရေ တောတွေကို အစားထိုးပြန်လည် စိုက်ပျိုးဖို့ကို လူထုကို အသိပညာပေး ပြပွဲလေး ပြုလုပ်ရခြင်းဖြစ်ပါ
တယ်""ဟုပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအ တွင်းရှိ ခရိုင်သုံးခုအနက် လက်ရှိထား ၀ယ်ခရိုင်တွင် ဒီရေတောဧကပေါင်း ငါးသောင်းကျော်၊ မြိတ်ခရိုင် တွင်း ဧကပေါင်းသုံးသိန်းကျော်၊ ကော့ သောင်းခရိုင်တွင် ဧကပေါင်းတစ် သိန်းခွဲနီးပါးလောက်သာ ကျန်ရှိတော့ ကြောင်းထားဝယ်သုတေ
သနအသင်း နှင့်အပြည်ပြည်ဆိုင်ရာတောရိုင်းတိရ စ္ဆာန်နှင့်
သဘာဝအပင်များအဖွဲ့(FFI) တို့၏ ထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံတွင် ရခိုင်ကမ်းရိုး တန်းဒေသ၊ ဧရာဝတီကမ်းရိုးတန်း
ဒေသနှင့်တနင်္သာရီကမ်းရိုးတန်း ဒေသများတွင် ဒီရေတော အမြောက် အမြားပေါက်ရောက်နေပြီး နောက် ဆုံး ၂၀၁၀ ခုနှစ်စာရင်းများအရ ဒီရေတော ဟက်တာပေါင်း ၅၀၂၉၁၁ ရှိကြောင်း သိရသည်။
ဒီရေတော၏အရေးပါမှုများ ဆိုင်ရာ လူထုအသိပညာပေးအဖြစ် ဒီရေတောပွဲတွင် ပညာရှင်များဖြစ်ကြသည့်ဒီရေတော
ပညာရှင်ဒေါက်တာ မောင်မောင်သန်း၊ မြိတ်တက္ကသိုလ်မှ ပါမောက္ခဒေါ်နန်းမြဟန်၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးပညာရှင်ဦးဝင်း မျိုးသူအပါအ၀င်ပညာရှင်များက ဟောပြောဆွေးနွေးမှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။
DMT

No comments:

Post a Comment