Tuesday, November 29, 2016

FMI ၏ ၆လ အမြတ်ဝေစုများ ကာလတူထက် ၅၀ ရာခိုင်နှုန်းနီးပါးတိုးတက်ရရှိခဲ့

ရန်ကုန်စတော့အိတ်ချိန်းဝင် FMI ကုမ္ပဏီ နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီခွဲများသည် ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်ဝက်ဖြစ်သော စက်တင်ဘာလ ၃၀ ရက်နေ့အထိ တွက်ချက်မှုအရ ယခင်နှစ်ကာ လတူထက် ၀င်ငွေ ကျပ် ၇၄.၆ ဘီလီယံ ကုမ္ပဏီ၏ ဘဏ္ဍာရေး စာရင်များအရသိရသည်။ ထိုသို့ ပိုမိုရရှိခြင်းသည် အဓိကအားဖြင့် FMI မှ ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် လက်အောက်ခံကုမ္ပဏီခွဲဖြစ်သော ရိုးမဘဏ်မှ ၀င်ငွေတိုးမြင့် လာခြင်းကြောင့် ဖြစ်ပြီး ရိုးမဘဏ်သည် လွန်ခဲ့သည့် (၂)နှစ် ကျော်ကာလထက် ဘဏ်သို့အပ်နှံငွေနှင့် ချေးငွေထုတ်ချေးမှု ဆက်လက်တိုးတက်ခဲ့ကြောင်းသိရသည်။

ထို့အပြင် FMI မှ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်သော လက်အောက်ခံကုမ္ပဏီခွဲ
ပန်းလှိုင်စီလုံဆေးရုံသည်လည်း ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်ဝက်ထက်
စုစုပေါင်းဝင်ငွေ ကျပ် ၇.၁ ဘီလီယံသို့ ၂၅.၁% တိုးတက်ခဲ့ပြီး
မကြာသေးမီလများ တွင် အဆိုပါဆေးရုံသည် လူနာဦးရေနှစ်ဆ
တိုးတက်လာခဲ့သည်ဟုဆိုသည်။
ယခုဘဏ္ဍာ ရေးနှစ် ပထမ ၆ လအတွင်း ကုမ္ပဏီ၏ ဘဏ္ဍာရေး
ဝန်ဆောင်မှုကဏ္ဍ၊ အိမ်ရောဖော်ထုတ်တည်ဆောက်ရေးကဏ္ဍနှင့်
ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး
ဘဏ္ဍာရေးနှစ်ဝက်ကာလအတွင်း ဆက်လက် တိုးတက်စေရန်
လုပ်ဆောင်သွားမည်ဟု FMI အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေ
ကပြောသည်။
ရိုးမဘဏ်နှင့် ပန်းလှိုင်စီလုံဆေးရုံတို့မှ ၀င်ငွေသည် ကုမ္ပဏီအုပ်စု၏
စုစုပေါင်းအသားတင်အမြတ်သည် ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်ဝက်
ကာလတွင် ကျပ် ၆.၁ ဘီလီယံ ၅၁.၉ ရာခိုင်နှုန်း ရရှိခဲ့ပြီး FMI
ကုမ္ပဏီတစ်ခုလုံးအနေဖြင့်မှု ၄၉.၄ ရာခိုင်နှုန်းအထိတိုးတက်ခဲ့
သည်ဟုဆိုသည်။
HEZ

No comments:

Post a Comment